Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ဟောင်ကောင်ပြန်လည်ရောက်ရှိမှု နှစ် ၂ဝ ပြည့်အခမ်းအနားသို့တက်ရောက်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဟောင်ကောင်၌ကျင်းပမည့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိမှု နှစ် ၂ဝ ပြည့်အခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း ယနေ့ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ၏ ၅ ကြိမ်မြောက် အစိုးရတာဝန်ယူခြင်း အခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။(Xinhua)