ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဖေဖော်ဝါရီလ အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉၀.၉၉၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀၅.၇၉၈ သန်း ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ မေ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ကျွဲရိုင်း (Red Bull) အားဖြည့် အချိုရည် ကုမ္ပဏီ၏ အမွေဆက်ခံသူ တရားခံပြေးအား ဆန့်ကျင်ရေး အွန်လိုင်း လှုပ်ရှားမှု တစ်ခုကို ပြည်သူများက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအတွင်း ပြည်နယ်/တိုင်းဒေသကြီးများတွင် မူးယစ်ဆေးဝါးအမှုပေါင်း ၆၉၇ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကန်ဘာရာ၊ မေ ၈ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဂိုဏ်းဖွဲ့ ပြစ်မှု ကျူးလွန်မှုများအား တိုက်ဖျက်ခြင်း တိုးမြှင့် လုပ်ဆောင်ရန်အတွက် အစိုးရထံမှ သြစတြေးလျ ဒေါ်လာ၃၂၁ သန်း (အမေရိကန် ဒေါ်လာ သန်း ၂၄၀) ကို သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ (AFP)...
နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန် – မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၂၁၇ မိုင်၊ အနောက်ဘက် နှစ်ဖာလုံအကွာရှိ နေပြည်တော် (တောင်ပိုင်း) ဥတ္တရသီရိခရိုင် ကြိုးဝိုင်းအကွက်အမှတ် ၇၈၊ သစ်ထုတ်လုပ်ရေး ဒေသ၊ ဧက ၂၀ အကျယ်ရှိ ငလိုက် စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး...
ဖနွမ်းပင်၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Techo Hun Sen သည် အမောဖောက်သော ဝေဒနာ ကြောင့် စင်ကာပူနိုင်ငံတွင် ၅ ရက်ကြာ ဆေးရုံတက်ရောက်ကုသမှုခံယူပြီးနောက် မေ ၇ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ) မြန်မာ့ ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘာ့ ကြက်ခြေနီနေ့တွင် ပြောကြားခဲ့သည်။
တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊၎င်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ရွေးကောက်ခံသမ္မတ အီမာနျူရယ်လ် မက်ခရွန်း ( Emmanuel Macron) ထံ ယနေ့( မေလ ၈ ရက်)တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။