Connect with us

Australia / Oceania

အကြမ်းဖက်မှု၊ ဒုစရိုက် ဂိုဏ်းများ တိုက်ဖျက်ရေး မြှင့်တင်ရန် အမေရိကန် ဒေါ်လာ သန်း ၂၄၀ သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့က လက်ခံရရှိ

သြစတြေးလျနိုင်ငံ ပြည်ထောင်စု ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ မေ ၈ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဂိုဏ်းဖွဲ့ ပြစ်မှု ကျူးလွန်မှုများအား တိုက်ဖျက်ခြင်း တိုးမြှင့် လုပ်ဆောင်ရန်အတွက် အစိုးရထံမှ သြစတြေးလျ ဒေါ်လာ၃၂၁ သန်း (အမေရိကန် ဒေါ်လာ သန်း ၂၄၀) ကို သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ (AFP) က လက်ခံရရှိခဲ့ကြောင်း တရားရေး ဝန်ကြီး မိုက်ကယ်ကီးနန်က မေလ ၈ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ရန်ပုံငွေအား မေလ ၂ ရက်နေ့ ပြည်ထောင်စု အသုံးစရိတ်ထဲမှ AFP ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ကီးနန်က ထို ငွေများအား ထောက်လှမ်းရေး ကျွမ်းကျင်သူ ၁၀၀ ဦး၊ မှုခင်းဆေးပညာ ကျွမ်းကျင်သူ ၁၀၀ ဦးနှင့် တန်ပြန်ထောက်လှမ်းရေးနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ တုန့်ပြန်မည့် အရာရှိ ၁၀၀ ဦးခန့်တို့ကို ခန့်အပ်ရာတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထပ်မံ ဖြည့်တင်းလိုက်တဲ့ ကျွမ်းကျင်သူတွေဟာ စုံစမ်းစစ်ဆေးမှု မြန်ဆန်စေဖို့၊ မှုခင်းများ အနှေးနဲ့ အမြန် ကျဆင်းစေဖို့၊ အကြမ်းဖက်ခြင်း၊ ပြစ်မှုဆိုင်ရာ ဂိုဏ်းများ၊ မူးယစ်ဆေးဝါးများ၊ ဆိုက်ဘာပြစ်မှုများ၊ လိမ်လည်မှုနှင့် လာဘ်စားမှုများ အပါအဝင် ဦးစားပေး နယ်မြေများအား ပြစ်မှတ်ထား လုပ်ဆောင်သွားမှာပါ” ဟု ကီးနန်က ပြောသည်။ထို့ပြင် ယခုကဲ့သို့ ဘတ်ဂျက်ငွေအား အမေရိကန်ဒေါ်လာ သန်း ၂၄၀ အထိ တိုးမြှင့်လိုက်ခြင်းသည် ဆယ်စုနှင့် တစ်ခုအတွင်း အကြီးမားဆုံး ဖြစ်ကြောင်း ၎င်းက ABC သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

“ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အလွန် အရေးကြီးတဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုလဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်ခြင်းစတဲ့ ပြစ်မှုတွေ အပါအဝင် အလွန် ခက်ခဲတဲ့ အမျိုးသား လုံခြုံရေး ဝန်းကျင်မှာ နေထိုင်နေရပါတယ်၊ AFP ကို စွမ်းရည်ပြည့်ဝပြီး နည်းပညာမြင့် အဖွဲ့အစည်း တစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ လိုအပ်တယ်” ဟု ကီးနန်က ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117