ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း မှ ရှီယိုက်လူမျိုးများအား ကယ်ဆယ်ရွှေ့ပြောင်းပေးမည့် ယာဉ်တန်းအား ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေသည် ၁၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း မာရသာ သည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်လည်း ပြည်သူ များအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုချက်ထုတ်ပြန်သည်။
ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရလိုလားသည့် မြို့နှစ်မြို့မှ ဆီးရီးယားပြည်သူများကို ကယ်ထုတ်ပေးမည့် ဘတ်စ်ကားစုရပ်တစ်ခုအား ပစ်မှတ်ထား၍ ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၇၀ဦးသေဆုံးပြီး အခြားလူ ၁၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ယနေ့ နံနက် အစောပိုင်းက အရှေ့ဘက် ကမ်းရိုးတန်းတွင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ရာ မအောင်မြင်ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲ ကာကွယ်ရေးဦးစီးချုပ် (JCS) က ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လမ်းညွှန်ကြီးကြပ်မှု ဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အူရဒူ ဘာသာစကားဖြင့် ထုတ်ဝေထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” အား ဧပြီလ ၁၄ ရက်က ပါကစ္စတန်နိုင်ငံ၌ စတင် ဖြန့်ချိသည့်...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း”မာရသာ”(Maarutha)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားသည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
တီဟီရန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန်ပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်း ရုပ်မြင်သံကြားမှ ဧပြီလ ၁၅ ရက်တွင် သတင်း တင်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မဟာသြင်္ကန်ပွဲတော်အကြတ်နေ့တွင် ရေကစားသူများ ပိုမိုများပြားစည်ကားလာသဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ ဝင်များသည် အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။