ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄မိုင် ၂ဖာလုံခန့်တွင် ဖြစ်ပွားခဲ့သော ကားမီးလောင်ပြီး လူ၈ဦးသေဆုံးမှုတွင် အသက်ရှင် ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ၊ မိုင်ဒါကွင်း၌ ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စေရန် တပ်မတော်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၃ ရက်တွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဘက်ကုန်သွယ်ရေး (TPP ) အဖွဲ့မှ အမေရိကန်နိုင်ငံနှုတ်ထွက်ရန် အတွက် သမ္မတအမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် သာကေတ သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ သည် ယခုနှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ရန်ကုန်မြို့ ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အတိုင်းအတာ တစ်ခု အထိ ထောက်ပံ့ပေးနိုင်တော့မည်...
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေးအပါအဝင် ရှေ့ဆက်ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST)တို့...
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-နယ်သာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Wouter Robert Marie Jurgensတို့ ယနေ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း များအဖြစ် ဖော်ဆောင် ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ၏ လူနေမှုဘဝ မြှင့်တင်ရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အထည်ချုပ် သွင်းကုန်လိုင်စင်များ Fully Online (အပြည့်အဝအွန်လိုင်း) စနစ်ဖြင့်လျှောက်ထားထုတ်ယူနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ရှိ ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတစ်ခု ဖြစ်သော Pacific Rim ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ရာ နေရာအနီးတွင် ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နေ့လည် ၂း၀၀ နာရီက အသက်...