Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ ယခုနှစ်ကုန်ပိုင်းတွင် စတင် လည်ပတ်မည်

သာကေတ သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် သာကေတ သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ သည် ယခုနှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ရန်ကုန်မြို့ ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အတိုင်းအတာ တစ်ခု အထိ ထောက်ပံ့ပေးနိုင်တော့မည် ဖြစ်ကြောင်း သာကေတ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းအမှုဆောင်အရာရှိ က ဇန်နဝါရီ ၂၂ ရက် တွင် ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူးကြီး ရှဲကော်ရှန် တို့သည် သာကေတ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံ ရှိ လုပ်ငန်း တည်ဆောင်မှု ပိုင်းဆိုင်ရာ လုပ်သားများကို သွားရောက်ကြည့်ရှုစဉ်အတွင်း ယခု ဆောင်ရွက်နေသည့် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း သည် ယခု နှစ်ကုန်ပိုင်းတွင် ၇၂ မဂ္ဂါဝတ် ထုတ်လွှတ်နိုင်ရန် တပ်ဆင်သွားမည် ဖြစ်ပြီး လာမည့် နှစ် ဖေဖော်ဝါရီလ တွင် ၃၄ မဂ္ဂါဝတ် တိုးမြှင့်ကာ စီမံကိန်း ပထမပိုင်း ကာလ ဆောင်ရွက်မှုများကို အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံ အထွေထွေ မန်နေဂျာ တုန်ဖန် က ရှင်လင်းပြောကြား ခဲ့သည်။

သာကေတ လျှပ်စစ်ဓာတ်အာပေး စက်ရုံ ကို ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့က စီမံကိန်း အုတ်မြစ်ချ အခမ်းအနား ပြုလုပ်ခဲ့ပြီး စီမံကိန်း ပထမ ကာလ တွင် ၁၀၆ မဂ္ဂါဝတ် ထုတ်လွှတ်နိုင်ရန် တည်ဆောက်သွားမည် ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှု ကာလ ကို ၂၄ လ အဖြစ်သတ်မှတ်ထားကာ ၂၀၁၈ ခုနှစ် မတ်လတွင် စက်ရုံ ကို အပြီးသတ် တည်ဆောက်နိုင်ရန် သတ်မှတ် ထားသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ သာကေတ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံ ရှိ လုပ်သားများ အား နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

အထွေထွေ မန်နေဂျာ တုန်ဖန် က စီမံကိန်း သည် ယခု နှစ်နှစ်ကုန်ပိုင်းတွင် ၇၂ မဂ္ဂါဝတ် စတင်ထုတ်လွှတ်နိုင်မည် ဖြစ်ပြီး ယခင် ရည်မှန်းထားသည်ထက် ၃ လ ကျော် စောလျင်စွာ ပြီးစီးခဲ့ကြောင်း ၊ စီမံကိန်း တစ်ခုလုံး၏ ပြီးစီးချိန်အားလုံးသည်လည်း စောလျင်စွာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း ၊ စီမံကိန်း ပြီးစီးပါက ထုတ်လွှတ်နိုင်မှု စွမ်းဆောင်ရည် သည် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ထောက်ပံ့မှု ကို အတိုင်းအတာ တစ်ခုထိ ပံ့ပိုးနိုင်မည် ဖြစ်ကြောင်း၊ ယခု စီမံကိန်း မှ ထုတ်လွှတ်သည့် လျှပ်စစ်ဓာတ်အားသည် ရန်ကုန်မြို့ လျှပ်စစ် ပြတ်တောက်မှု ကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ စက်ရုံရှိ လုပ်သားများကို သွားရောက်ကြည့်ရှုစဉ် အတွင်း စီမံကိန်း ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြား ခဲ့သည်။

ထို့ပြင် အထွေထွေ မန်နေဂျာ တုန်ဖန် က သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် လက်ရှိ မြန်မာ နိုင်ငံ နှင့် ပိုမို သင့်လျော်သော စီမံကိန်း အမျိုးအစား ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စနစ် သည့် သန့်စင် စွမ်းအင်း ဓာတ်အားပေး စနစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် မေလ က ပြုလုပ်ခဲ့သည့် စီမံကိန်း အုတ်မြစ်ချအခမ်းအနား တွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်မြို့သည် မြန်မာ နိုင်ငံ စီးပွားရေး ၏ အချက်အချာ ဒေသ ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အား ကို အသုံးပြုနေကြောင်း ၊ မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း မှ ထုတ်လွှတ်သည့် လျှပ်စစ်ဓာတ်အားများသည် ရန်ကုန်မြို့သို့ ပိုဆောင်ရာတွင် ဓာတ်အား ဆုံးရှုံးမှုများ ရှိပြီး လျှပ်စစ်ဓာတ် မပြည့်ဝမှု နှင့် ဓာတ်အား ပြတ်တောက်မှု များဖြစ်ပွား စေခဲ့ကြောင်း ၊ ထို့ကြောင့် ရန်ကုန်မြို့ အနီးဝန်းကျင်တွင် ဓာတ်အားပေးစက်ရုံ တိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု စီမံကိန်း အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ U ENERGY THAKETA POWER CO.,LTD ကို ပူပေါင်း ရင်းနှီးမြှုပ်နှံခဲ့ပြီး တရုတ်နိုင်ငံ Union Resources & Engineering Co., Ltd. (UREC) နှင့် မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန တို့မှ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလ တွင် နားလည်မှုစာချွန်လွှာ ကို ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ထိုစဉ်က မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် တို့ရှေ့မှောက် တွင် သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပူးပေါင်း ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ဖြစ်သော U ENERGY THAKETA POWER CO.,LTD ကို တည်ထောင်ခဲ့ပြီး လုပ်ငန်း လိုင်စင် ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117