Connect with us

North America

သမ္မတအမိန့်ထုတ်ပြန်ချက်ဖြင့် TPP ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်ရန် ထရမ့်လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့် ခွန်းပြောကြားနေသော ဒေါ်နယ်ထရမ့် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၃ ရက်တွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဘက်ကုန်သွယ်ရေး (TPP ) အဖွဲ့မှ အမေရိကန်နိုင်ငံနှုတ်ထွက်ရန် အတွက် သမ္မတအမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် ထရမ့်က “ အမေရိကန် လုပ်သားတွေအတွက် ကြီးကျယ်သော အရာတစ်ခုပါပဲ ” ဟု ပြောကြားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဆိုသည်။ “ ဒီကိစ္စနဲ့ပတ်သက်ပြီး အချိန်အတော်ကြာ ပြောဆိုခဲ့ရပါတယ်” ဟု လက်မှတ်ရေးထိုးစဉ် ထရမ့်က ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံအကြားတွင် TPP လွတ်လပ်သော ကုန်သွယ်ခွင့်ရရှိရေးအတွက် ၅ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းအဖွဲ့ဝင် ၁၂ နိုင်ငံမှ ဝန်ကြီးများက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါ TPP အဖွဲ့မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ခြင်းကို သမ္မတထရမ့်က လက်မှတ်ရေးထိုးခဲ့သော်လည်း အမေရိကန်လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း မရှိသေးပါ။ သို့သော် ယခင်အမေရိကန်အစိုးရ(ဟောင်း) ၏ ကုန်သွယ်ရေးမူဝါဒများကို အစိုးရသစ်က အမှန်တကယ်ပြောင်းလဲပစ်ဖွယ်ရှိနေသည်ကို ညွှန်ပြရာ ရောက်ကြောင်း သိရသည်။

မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှု ( NAFTA) ကို ပြန်လည်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခြင်း နှင့် TPP အဖွဲ့ဝင်အဖြစ်မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ခြင်း တို့ဖြင့် သမ္မတထရမ့်အစိုးရအဖွဲ့သည် ကုန်သွယ်ရေးမဟာဗျူဟာသစ်တစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်သမ္မတအိမ်ဖြူတော်က ကုန်သွယ်ရေးသဘောတူညီမှုများသည် အမရိကန်လုပ်သားများ၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ၊ အမေရိကန်လုပ်သားများ ထိခိုက်နစ်နာနေခြင်း နှင့် အမေရိကန်နိုင်ငံအပေါ် ကုန်သွယ်ရေးသဘောတူညီမှု ချိုးဖောက်နေခြင်းများကို ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

TPP ကဲ့သို့သော ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီမှုမျိုးများသည် အမေရိကန်စက်မှုကုန်ထုတ်လုပ်ငန်းကို ဖျက်စီးပစ်ဖွယ် ရှိနေသည့်အတွက် ၎င်းသဘောတူညီမှုမျိုးကို မည်သည့်အခါမျှ လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သမ္မတမဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း ထရမ့်က ကတိပြုပြောကြားခဲ့သည်။ ထို့ပြင် ထရမ့်က NAFTA သဘောတူညီမှုကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် မက္ကဆီကိုနိုင်ငံအပေါ် ကုန်သွယ်ခွန်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

NAFTA သဘောတူညီမှုကို ပြန်လည်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်အတွက် မကြာမီတွင် မက္ကဆီကို နှင့် ကနေဒါခေါင်းဆောင်များ နှင့်တွေ့ဆုံသွားရန် ရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်က စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် သမ္မတဒေါ်နယ်ထရမ့်က ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရပ်ခြားရှိ အမေရိကန်ကုမ္ပဏီများ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လာစေရန်အတွက် “ အဓိကနယ်စပ်ကုန်သွယ်ရေးခွန်” ကို စည်းကြပ်သွားမည်ဟု ပြောကြားခဲ့သည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ နှင့် ပြည်တွင်းရှု့မျှော်ခြင်း မူဝါဒသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးထားကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.