Connect with us

Culture & Entertainment

အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်

မြန်မာဟင်းပွဲတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ၊ မိုင်ဒါကွင်း၌ ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူ ဦးစိုင်းက “ကျွန်တော်တို့ ဒီပွဲကိုလုပ်ဖြစ်ရတဲ့ အဓိကရည်ရွယ်ချက်က အလှူတွေ၊ မင်္ဂလာပွဲတွေ လုပ်ရင် နောက်ကွယ်ကနေ ချက်ပြုတ်ပေးရတဲ့ အိုးသူကြီးတွေကို ဖော်ထုတ်ပေးချင်လို့ပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို တိမ်မြုပ်ပပျေက်မသွားအောင် ထိန်းသိမ်းတဲ့ သဘောပါ’’ ဟုဆင်ဟွာကိုပြောသည်။

ပြိုင်ပွဲ အစီအစဉ်အား နံနက်(၁၀း၀၀)နာရီ မှ ညနေ(၄း၀၀) နာရီထိ ပြုလုပ်မည်ဖြစ်ပြီး၊

ညနေ(၄း၀၀) နာရီ မှ ည(၁၀း၀၀) နာရီ အထိ ဈေးရောင်းပွဲတော်နှင့် မြန်မာ့ရိုးရာ အစားအစာပြပွဲနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ | အိုးစည်ဒိုးပတ် | ရခိုင်ကျင်ကိုင်ပွဲ ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မျက်လှည့်ပွဲ၊ ကရင်ဒုံးယိမ်း၊ခြင်းလုံးအလှခတ်သရုပ်ပြပွဲတို့ကိုလည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကြီးတွင် မုန့်ဈေးတန်းများ၊ ကလေးကစားကွင်းများ၊ စားသောက်ဆိုင်များ၊ မြန်မာ့ရိုးရာပွဲဈေးတန်းဆိုင်များ၊ မုန့်များနှင့် (၁၂)ရာသီပွဲဓလေ့ ရိုးရာဆိုင်များ ခင်းကျင်းရောင်းချရန်အတွက် ဆိုင်ခန်းများ ၊ မြေနေရာများအား ဦးရာလူစနစ်ဖြင့် အခမဲ့ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.