အမ်မန်၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် ကနေဒါနိုင်ငံသား ခရီးသွားအမျိုးသမီးတစ်ဦး အပါအဝင် လူ၁၀ဦးသေဆုံးခဲ့ကြောင်း အထွေထွေလုံခြုံရေးဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာ့ဂန္တဝင် လက်ဝှေ့ကျော် မိုဟာမက်အလီမှ လက်မှတ်ရေးထိုးပြီး နဲလ်ဆင်မင်ဒဲလားထံ ပေးစာတစ်စောင်ကို စတာလင်ပေါင် ၇၂ဝဝ ( အမေရိကန်ဒေါ်လာ ၈၉၉၉ ) ဖြင့် ဗြိတိန်နိုင်ငံ Devizes မြို့၌ပြုလုပ်သော လေလံပွဲတစ်ခုတွင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင် ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့၍ ဒီဇင်ဘာ ၁၇ရက်မှစတင်ကာ ကြက်ကောင်ရေ ၂၁၀,၀၀၀ သုတ်သင်ခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် တာချီလိတ်မြို့တို့၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကွန်ဟိန်းမြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်နေ့(ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA၏ အမာခံတပ်စခန်းများဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဂျကာတာ၊ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူဝါ၌ ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) တွင် လေကြောင်းစစ်ဆင်ရေးပြုလုပ်နေသော အင်ဒိုနီးရှားစစ်ဘက်မှ ဟာဂျူလိစ် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားကြောင်း နှင့် ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် လူပေါင်း ၁၃ ဦးသေဆုံးသွားကြောင်း လေတပ်ပြောခွင့်ရပုဂ္ဂိုလ် Jemi Trisonjaya က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ ကြည်းတပ်ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Bipin Rawat အား ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းက စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း သိရသည်။
ဘာလင် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဟမ်းဘတ်မြို့(Harmburg) ၌ လာမည့် ၂ဝ၂၁ ခုနှစ်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပထမဆုံးစတင်အသုံးပြုသွားရန် စီစဉ်နေကြောင်း ဂျာမနီပြည်တွင်းသတင်းမီဒီယာက ဒီဇင်ဘာလ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ကျောက်မဲမြို့ရပ်ကွက်(၈ )ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းရှိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ဒီဇင်ဘာ ၁၇ရက်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။