Connect with us

Europe

ဟမ်းဘတ်မြို့၌ ၂ဝ၂၁ ခုနှစ်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို အသုံးပြုရန် စီစဉ်နေ

မောင်းသူမဲ့ ဘတ်စ်ကားတစ်စီးပေါ်မှ ခရီးသည်များဆင်းလာကြစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဟမ်းဘတ်မြို့(Harmburg) ၌ လာမည့် ၂ဝ၂၁ ခုနှစ်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပထမဆုံးစတင်အသုံးပြုသွားရန် စီစဉ်နေကြောင်း ဂျာမနီပြည်တွင်းသတင်းမီဒီယာက ဒီဇင်ဘာလ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ မောင်းသူမဲ့ ဘတ်စ်ကားတွေကို ၂ဝ၂၁ ခုနှစ်မှ ပထမဆုံးအသုံးပြုသွားချင်ပါတယ်” ဟု ဟမ်းဘတ်မြို့မှ Hochbahn ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Henrik Falk က ပြောကြားခဲ့သည်။ အဆိုပါ မောင်းသူမဲ့ ခရီးသည်တင်ယာဉ်များကို မြေအောက် လမ်းများ နှင့် မြို့တွင်း ဘတ်စ်ကားလမ်းများတွင် အသုံးပြုသွားရန် ရှိကြောင်း Falk ၏ ပြောကြားချက်ကို ကိုးကား၍ ဟမ်းဘတ်မြို့မှ Abendblatt သတင်းစာက ရေးသားခဲ့သည်။

“ ဟမ်းဘတ်မြို့အနာဂတ်မြင်ကွင်းမှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ဘတ်စ်ကားတွေကို မြင်တွေ့ရတော့မှာပါ” ဟု Falk က ဆိုသည်။

ဟမ်းဘတ်မြို့အတွင်း မောင်းသူမဲ့ဘတ်စ်ကားများ ပြေးဆွဲမည့် U5 လမ်းကြောင်းကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် စတင် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း နှင့် မောင်းသူမဲ့ ရထားများကိုလည်း ပြေးဆွဲသွားရန် ရှိကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ မောင်းသူမဲ့ ဘတ်စ်ကားစနစ်သည် ပို့ဆောင်ရေးကဏ္ဍတွင် “ ပို၍ ကောင်းမွန်လွယ်ကူချောမွေ့စေမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.