Connect with us

Politics, Law & Military

KIA၏ အမာခံတပ်စခန်းသိမ်းတိုက်ပွဲ၌ နှစ်ဖက်သေဆုံးဒဏ်ရာရမှုများပြားဟု တပ်မတော်သတင်းထုတ်ပြန်

တပ်မတော်မှ KIA၏ အမာခံတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့စဉ်( ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်နေ့(ဆင်ဟွာ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA၏ အမာခံတပ်စခန်းများဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်က အရာရှိနှင့် စစ်သည်များ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကေအိုင်အေဘက်ကလည်း သေဆုံးဒဏ်ရာရရှိမှုများကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက် ဖော်ပြထားသည်။

ယင်း KIA၏ အမာခံတပ်စခန်းကို ဒီဇင်ဘာ ၁၆ ရက် မနက် ၇ နာရီ ၁၀ မိနစ်လောက်က စပြီး တပ်မတော်စစ်ကြောင်းများက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူရယူတိုက်ခိုက်ခဲ့ကြောင်း၊ ပင်မကုန်း ပွိုင့်-၁၁၀၃နေရာကို နေ့လယ် ၂ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိပ်ပြာကုန်းစခန်းကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ အတွင်း ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၄၁ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဂီဒုန်စခန်း KIA၏ အရေးကြီးစစ်စခန်းတစ်ခုဖြစ်ပြီး ၂၀၁၆ သြဂုတ်လတွင် တပ်မတော်စစ်ကြောင်းတစ်ခုက စတင်တွေ့ရှိ တိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာ ၁၆ ရက်အထိ ထိတွေ့ တိုက်ပွဲပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.