Connect with us

Europe

မိုဟာမက်အလီ၏ မင်ဒဲလားထံပေးစာကို ဒေါ်လာ ၉ ထောင်ခန့်ဖြင့် ရောင်းချ

မင်ဒဲလားထံပေးပို့ ခဲ့သော မိုဟာမက်အလီ၏ ပေးစာ အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့ဂန္တဝင် လက်ဝှေ့ကျော် မိုဟာမက်အလီမှ လက်မှတ်ရေးထိုးပြီး နဲလ်ဆင်မင်ဒဲလားထံ ပေးစာတစ်စောင်ကို စတာလင်ပေါင် ၇၂ဝဝ ( အမေရိကန်ဒေါ်လာ ၈၉၉၉ ) ဖြင့် ဗြိတိန်နိုင်ငံ Devizes မြို့၌ပြုလုပ်သော လေလံပွဲတစ်ခုတွင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ အဲဒီ ပေးစာကို အလီအမှတ်တရပစ္စည်းတွေကို ဝယ်ယူစုဆောင်းနေသူတစ်ဦးက လေလံဆွဲခဲ့တာပါ။ အဲဒီလူဟာ နဲလ်ဆင်မင်ဒဲလား အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူစုဆောင်းသူတစ်ဦးလည်းဖြစ် ပါတယ်” ဟု လေလံပွဲ ကြေညာသူ Andrew Aldrige က ဘီဘီစီသတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါ ပေးစာကို အလီ၏ ကိုယ်ရေးအရာရှိ အထွေထွေမန်နေဂျာဖြစ်သူက ၁၉၉၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ Durbanမြို့ရှိ ဟိုတယ်တစ်ခုတွင် အလီရောက်ရှိနေစဉ် ၎င်း၏ ပြောဆိုချက်များကို လက်နှိပ်စက်ဖြင့် စာစီစာရိုက်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းပေးစာကို အမေရိကန်နိုင်ငံသား အမှတ်တရပစ္စည်းစုဆောင်းသူတစ်ဦးက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းပေးစာထဲတွင် ၁၉၉၃ ခုနှစ် ဧပြီလ ၁ဝ ရက်က လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တော်လှန်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ Chris Hani လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း မိုဟာမက်အလီ၏ ထုတ်ဖော်ပြောဆိုချက်များ ဖော်ပြပါရှိသည်။

အလီသည် ၁၉၉၃ ခုနှစ် ဧပြီလတွင် တောင်အာဖရိကနိုင်ငံ၌ ခဏတာ နေထိုင်ခဲ့ပြီး ၁၉၉၃ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ဂျိုဟန်နစ္စဘတ်မြို့ရှိ FNB အားကစာကွင်း၌ ပြုလုပ်သော Hani ၏ ဈာပန အခမ်းအနားသို့တက်ရောက်ခဲ့သည်။

မင်ဒဲလားသည် မိုဟာမက်အလီနှင့်အတူ ရိုက်ကူးခဲ့သော ဓာတ်ပုံကို ၎င်း၏ အလုပ်စားပွဲတွင် သိမ်းဆည်းထားကြောင်း နှင့် ၎င်း၏နောက်ပိုင်းနှစ်များက အကြိုက်ဆုံးစာအုပ်ထဲတွင် အလီ၏ လက်မှတ်မိတ္တူရိုက်နှိပ်ထားသည့် အထုပ္ပတ္တိ စာအုပ်များလည်း ပါဝင်ကြောင်း Andrew Aldrige ၏ပြောကြားချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.