Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် တာချီလိတ်မြို့တို့၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကွန်ဟိန်းမြို့မရဲစခန်းထံမှ သိရသည်။

ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးရှိ သံလွင်မြစ်ကူးတံတား (တာကော်)၌ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ယာဉ်ရှေ့ခန်းအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၄၉၂ တုံး(၁၆၄ ကီလို)၊ အိုက်စ် ၆၀ ကီလိုနှင့် ဘိန်းမည်း ၃ ကီလို (စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း ၅၆,၀၀၀ ကျော်)တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းရှိ “ ကျော် ” ကုန်စည်ပို့ဆောင်ရေးအား သတင်းအရဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်းမှ ဘိန်းဖြူဘလောက်တုံး ၁၄၁ တုံး(၄၇ ကီလို)၊ ကဖင်း ၁ ကီလို၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြား၊ သေနတ်မျိုးစုံ ၁၀ လက်၊ အာပီဂျီဗုံးသီးတစ်လုံး၊ နှစ်ချောင်းထောက်ပါ စက်လတ်ပြောင်းပို တစ်ခု၊ ယမ်းပျော့ ၃၉ တောင့်နှင့် ကျည်မျိုးစုံ ၁၃၄၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဂိုဒေါင်ပိုင်ရှင် ပိုင်ဆိုင်သည့် မိုင်းကိုးအုပ်စု၊ မယ်ညီးကျေးရွာအနီး တောင်ကုန်းပေါ်ရှိ သရက်ခြံအား သွားရောက်ရှာဖွေရာ ခြံစောင့်ဇော်မင်းနှင့်အေးမင်းတို့ကို စိတ်ကြွဆေးမှုန့် ၂၇ ကီလို၊ ကဖင်း ၁၃ ကီလို၊ ထိုင်းငွေ ဘတ် ၈၀၀၀၀၊ မြန်မာငွေ ၁၅ သိန်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ (စုစုပေါင်းကာလတန်ဖိုး ငွေကျပ် သိန်း ၁၁၀၀၀ ခန့်)နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.