Connect with us

Asia

အိန္ဒိယနိုင်ငံ၌ စစ်ဦးစီးချုပ်သစ် ခန့်အပ်

အိန္ဒိယနိုင်ငံ၏ စစ်ဦးစီးချုပ် (အသစ်) ဒုတိယဗိုလ်ချုပ်ကြီး Bipin Rawat အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ ကြည်းတပ်ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Bipin Rawat အား ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းက စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း သိရသည်။

“ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Bipin Rawat ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ဖို့အိန္ဒိယနိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ ကြည်တပ်အကြီးအကဲအဖြစ် စတင် တာဝန်ထမ်းဆောင်ခွင့်ရမှာပါ” ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လက်ရှိ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dalbir Singh သည် ဒီဇင်ဘာလ ၃၁ ရက်တွင် ရာထူးမှ အနားယူရန် ရှိနေပြီး ၎င်းနေရာကို ဒုတိယဗိုလ်ချုပ်ကြီး Rawat ကဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း နှင့် ၎င်းထက်လုပ်သက်ရင့်သော ထိပ်တန်းဗိုလ်ချုပ်ကြီး နှစ်ဦးကိုမူ ရာထူးတိုးမှု၌ ဆိုင်းငံ့ထားကြောင်း သိရသည်။

သို့သော် အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီက ဒုတိယဗိုလ်ချုပ်ကြီး Rawat အား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဘယ့်ကြောင့် ရာထူးစဉ် နည်းဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိသည်ကို မေးခွန်းထုတ်ခဲ့သည်။

“ စစ်တပ်အကြီးအကဲ ခန့်အပ်တဲ့နေရာမှာ ရာထူးစဉ်နည်းဥပဒေတွေကို ဘာကြောင့် မလေးစား မလိုက်နာကြတာလဲ။ ဘာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး PRAVIN Bakshi နဲ့ ဒုတိယဗိုလ်ချုပ်ကြီး Mohamed Ali Hariz တို့ကိုကျော်ပြီး အခြားတစ်ယောက်ကို စစ်ဦးစီးချုပ်ခန့်အပ်လိုက်တာလဲ ဆိုတာ သိချင်ပါတယ် ဝန်ကြီးချုပ်” ဟု ကွန်ဂရက်ပါတီခေါင်းဆောင် Manish Tewari က မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.