ရီယို ဒီ ဂျနေရိုး၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေစဉ် လိုဏ်ဂူ တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ) စစ်တောင်းမှ မော်လမြိုင်မြို့နယ် အထိ ရထားလမ်းကို (၉)ချောင်းဆက် သံလမ်းများ အစားထိုး တပ်ဆင်ခြင်းမှာ ၂၉.၇၁ မိုင်ပြီးစီး နေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း တိုင်းအမှတ် (၈)မှ တိုင်းတာဝန်ခံ ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး မြစ်ချောင်းများ အတွင်းမှ သဲနှင့်ကျောက် ထုတ်ယူသည့် လုပ်ငန်း တရားမဝင် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်လာနေကြောင်း သတင်းဖော်ပြမှုများထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် လုံခြုံရေးအသိ နှင့် သတိပြုနေထိုင်ကြရန် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တစ်နေ့လျှင် ကြက်ဥ တစ်လုံး စားသုံးခြင်းက လေဖြတ်ခြင်းအား ၁၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း အမေရိကန် ကြက်ဥလုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ (American Egg Board) က ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ် တစ်ခုက နိုဝင်ဘာလ ၁ ရက်က...
နေပြည်တော်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စီးပွားတိုးတက်ရေးအတွက် ကုန်သွယ်မှု အခြေအနေများ ကောင်းမွန်လာစေရန် ကုန်စည်ဆိုင်ရာ အရည်အသွေးနှင့် စံချိန်စံညွှန်း သတ်မှတ်မှုများ လိုအပ်ရုံသာမက မလိုအပ်သည့် အပို ကုန်ကျမှုများကို အနိမ့်ဆုံး အထိ လျှော့ချပေးရန် အထူး လိုအပ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ...
ဂျီနီဗာ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ထဲ၌ သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၃,၉၄ဝ ဦးထိ ရှိလာပြီဖြစ်ကြောင်း IOM ခေါ်နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများအဖွဲ့က နိုဝင်ဘာလ ၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ် ရှိ သင်္ဘောကျင်းတစ်ခု ၌ နိုဝင်ဘာ ၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောတစ်စီးအား ဖျက်စီးနေသည့် အလုပ်သမား ၁၄ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် အာရှဥရောပ လေးနိုင်ငံသို့ သွားရောက်၍ နိုင်ငံတကာ အစည်းအဝေးပွဲများ တက်ရောက်ရန် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ ဒသမ ၂၃၃ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။