Connect with us

Local

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန် တန်ချိန် ၅၃၀၀၉၄ကျော် တင်ပို့ထားဟုဆို

ပြည်တွင်း၌ စပါးများအား အခြောက်ခံ၊သန့်စင်နေသော လုပ်သားတစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ ဒသမ ၂၃၃ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ပြည်ပနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂၃၇၆၅၉ ဒသမ ၈၀၃ ရှိခဲ့ပြီး ဆန်နှင့် ဆန်ကွဲနှစ်ရပ် ပေါင်းတန်ချိန် ၇၆၇၇၅၃ ဒသမ ၀၃၆ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်နှစ် ဆန် တင်ပို့မှုမှာ တန်ချိန် ၄၁၆၁၄ ဒသမ ၁၃၀ သာ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁၄၃၄၈၄ ဒသမ ၉၅၀ တင်ပို့နိုင်ခဲ့ကာ နှစ်ရပ်ပေါင်းတင်ပို့မှုမှာ တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့သည်။

ယင်းပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ယခုနှစ်တွင် ယခင်နှစ်အလားတူ ကာလထက် တန်ချိန် တစ်သိန်း ကျော် လျော့နည်းခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ကိုးသောင်းကျော် လျော့နည်း တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် ပြည်ပသို့ ဆန်တင်ပို့ရာ၌ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့ပြီး ပြည်တွင်း ဆန်ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.