နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မြန်မာ့ရုပ်ရှင် လုပ်ငန်း ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ဟာဗာနား၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ အရှေ့ပိုင်းသို့ အောက်တိုဘာလ ၄ ရက် နေ့လည်ပိုင်းက ဟာရီကိန်းမုန်တိုင်း မတ်သူး (Matthew) ဝင်ရောက်ခဲ့ပြီး မိုးနှင့် လေပြင်းများ ပြင်းထန်စွာ ကျရောက်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက အောက်တိုဘာ ၄ရက်က ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခတ်ပြည်နယ်၌ သက်သတ်လွတ်ပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ထိုင်းဘတ် ၃.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ) ရရှိခဲ့ကြောင်း ထိုင်းခရီးသွားအာဏာပိုင်(TAT) ၏ စစ်တမ်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများက ဖော်ပြသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုနှစ်သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကယားပြည်နယ်သို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉လအတွင်း ပြည်ပခရီးသွား ဧည့်သည် ၃၉၈၆ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) စစ်ကိုင်းငလျင် ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့ ကို သဘာ၀ ဘေးဒဏ် ခံနိုင်သော မြို့ကြီးအဖြစ် ပြောင်းလဲ ထူထောင်နိုင်ရန် အဓိက လိုအပ်သည့် အချက်အလက် များကို စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂူဂဲလ် (Google)ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် Pixel နှင့် Pixel XL စမတ်ဖုန်းများကို သြစတြေးလျနိုင်ငံ၌ ပထမဆုံး စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေအား နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) သီလဝါအထူး စီးပွားရေးဇုန်အတွင်း အကောင်အထည် ဖော်လျက်ရှိသော ဓာတ် မြေသြဇာစက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း လီမိတက် (MAPCO)ထံမှ သိရသည်။