Connect with us

Africa & Middle East

အီရန်နိုင်ငံသမ္မတ ဗီယက်နမ်နိုင်ငံသို့ ဆွေးနွေးရန် သွားရော က်

အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) နှင့် ဗီယက်နမ်နိုင်ငံသမ္မတ Tran Dai Quang တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက အောက်တိုဘာ ၄ရက်က ထုတ်ပြန်ခဲ့သည်။

နှစ်ရက်ကြာ ဗီယက်နမ်ခရီးစဉ်သို့ သမ္မတ ဟာဆန်ရိုဟာနီ သည် အဆင့်မြင့် ထိပ်တန်း နိုင်ငံရေး နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အား ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုဟာနီသည် ဗီယက်နမ်နိုင်ငံသမ္မတ Tran Dai Quang နှင့် အခြားသော အဆင့်မြင့်အရာရှိများ နှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ သည် မတူညီသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များအား လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်အရ သမ္မတ၏ ခရီးစဉ်အတွင်း အီရန်နိုင်ငံ၏ သီးသန့်ကဏ္ဍတစ်ခုမှ ကိုယ်စားလှယ်များသည် ဟနွိုင်းမြို့ရှိ ၎င်းတို့၏ ဗီယက်နမ်မိတ်ဖက်များ နှင့် စီးပွားရေးဆိုင်ရာများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာများအရ အီရန်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံကြား ကုန်သွယ်ရေးဖလှယ်မှု သည် ၂၀၁၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၈၀ရှိရာမှ ၂၀၁၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၃၀၀အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဖလှယ်မှုသည် အမေရိကန်ဒေါ်လာ သန်း၃၅၀ ရှိကြောင်း နှင့် လာမည့် ငါးနှစ်အတွင်း အီရန်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဖလှယ်မှု တန်ဖိုးအား အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ အထိ မြှင့်တင့်သွားရန် ဆန္ဒရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.