နယူးဒေလီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်း၌ ၅၂ ရက်ကြာ ညမထွက်ရ အမိန့်အား သြဂုတ်လ ၂၉ ရက်တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မော်စကို ၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားစစ်လေယာဉ်တစ်စင်းအား တူရကီက ပစ်ချခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ၈ လကြာပိတ်ပင်ထားခဲ့သည့် တူရကီနိုင်ငံသို့လေကြောင်းပျံသန်းမှုကို ရုရှားနိုင်ငံက ပြန်လည်ဖွင့်ပေးသည့် သဘောတူညီချက်ကို သြဂုတ်လ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈နာရီတွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့ကြောင်း ထိခိုက်မှုတစုံတရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) Huawei (ဟွာဝေး) ကုမ္ပဏီက ပုဂံရှိ သမိုင်းဝင် စေတီပုထိုးများ မြေငလျင်ကြောင့် ထိခိုက် ယိုယွင်းသွားမှုအား ပြုပြင်ထိန်းသိမ်းရန် အတွက် မြန်မာငွေကျပ်သိန်း ၅၀၀ နှင့် Huawei P9 စမတ်ဖုန်း အလုံး၁၀၀ အားပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ်လ ဒုတိယပတ် ကာလအတွင်း အမေ ရိကန်ဒေါ်လာ ၁၇၅၀ တန်ဖိုးရှိ မြန်မာနိုင်ငံထွက်ပျားရည် ၂၄ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဘာလင်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် သြဂုတ် ၂၆ ရက်က ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးအားတွေ့ရှိခဲ့၍ ထောင်ပေါင်းများစွာသော လူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ သြဂုတ် (ဆင်ဟွာ) တူရကီနိုင်ငံသည် တရားဝင်ပြန်တမ်း တွင် ပြဋ္ဌာန်းထားသည့် ဝတ်စားဆင်ယင်မှု ဆိုင်ရာ ဥပဒေတွင် သြဂုတ် ၂၆ ရက် က ပြင်ဆင်ဖြည့်စွက်ချက်အရ ရဲမေများအား ၎င်းတို့၏ တာဝန်ချိန်၌ အစ္စလာမ်ဘာသာရေးဆိုင်ရာ ခေါင်းမြီးခြုံခွင့်ပေးခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမာတြားကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုထဲ၌ သြဂုတ်လ ၂၈ ရက်တွင် ဓမ္မဆရာတစ်ဦးက တရားဟောနေစဉ် လူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးH. E. Madam Gao Yan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဝန်ကြီးရုံးအစည်းအဝေးခန်းမှ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တင်ပို့ရန်အတွက်...