Connect with us

Europe

တူရကီနိုင်ငံ တွင် တာဝန်ချိန်၌ ရဲမေများအား ခေါင်းမြီးခြုံခွင့်ပေးရန် ဥပဒေ ၌ ပြင်ဆင်ဖြည့်စွက်

တူရကီနိုင်ငံ မှ ရဲမေများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ သြဂုတ် (ဆင်ဟွာ)

တူရကီနိုင်ငံသည် တရားဝင်ပြန်တမ်း တွင် ပြဋ္ဌာန်းထားသည့် ဝတ်စားဆင်ယင်မှု ဆိုင်ရာ ဥပဒေတွင် သြဂုတ် ၂၆ ရက် က ပြင်ဆင်ဖြည့်စွက်ချက်အရ ရဲမေများအား ၎င်းတို့၏ တာဝန်ချိန်၌ အစ္စလာမ်ဘာသာရေးဆိုင်ရာ ခေါင်းမြီးခြုံခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်တမ်းတွင် တူရကီနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးများအနေဖြင့် ၎င်း၏ခေါင်းမြီးခြုံပုဝါ သည် အစက်အပျောက် မပါပဲ ယူနီဖောင်းကဲ့သို့ အရောင်ဆင်တူ ဖြစ်နေသည့် ကာလပတ်လုံး ဦးထုပ်များအောက်တွင် ခေါင်းမြီးခြုံနိုင်ကြောင်း ဖော်ပြထားသည်။

အာဏာရ အစ္စလာမ်မစ် တရားမျှတမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ပါတီ သည် လူမှုဘဝ၏ နယ်ပယ်များစွာ၌ ခေါင်းမြီးခြုံခွင့်အား တားမြစ်ထားသည်ကို ပယ်ဖျက်နိုင်ရန် နှစ်များစွာ ကြိုးပမ်းခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံသည် ကောလိပ်ကျောင်းသူများအား ကောလိပ်ကျောင်းဝင်း အတွင်း ခေါင်းမြီးခြုံခွင့်အား ၂၀၁၀ခုနှစ်က ခွင့်ပြုပေးခဲ့ပြီး အထက်တန်းကျောင်းသူများအတွက်ကိုမူ ၂၀၁၄ခုနှစ်၌ တားမြစ်ချက်ကို ပယ်ဖျက်၍ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အစိုးရအဖွဲ့အစည်းများ၌ ၂၀၁၃ခုနှစ်တွင် ခေါင်းမြီးခြုံခြင်းအား ခွင့်ပြုပေးခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117