Connect with us

Economy

မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တင်ပို့ရန်အတွက် ကန့်သတ်ပမာဏ တိုးမြှင့်ရရှိရေးဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ H. E. Madam Gao Yan ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-- စီးပွားကူးသန်း)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးH. E. Madam Gao Yan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဝန်ကြီးရုံးအစည်းအဝေးခန်းမှ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တင်ပို့ရန်အတွက် ကန့်သတ်ပမာဏ တိုးမြှင့်ရရှိရေး ဆွေနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နယ်စပ် ဂိတ် များ တိုးချဲ့ဖွင့်လှစ်သွား ရေးနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊ တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်တားဆီးရေးတို့တွင် ပူးပေါင်းဆောင်ရွက် သွားလာနိုင်ရေး တို့ အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.