Connect with us

Economy

၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ကုမ္ပဏီ ၂၆ ခု ပါဝင်ပြသ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပြခန်း ၂၆ ခန်းဖြင့် ထုတ်ကုန်များကို ဝင်ရောက်ပြသလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၂၆ ရက်၌ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၆ ခုက စိုက်ပျိုးရေးထုတ်ကုန်များ၊ လက်မှုအနုပညာလက်ရာများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများကို ပြသလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပနေသော ယခုနှစ်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် တောင်အာရှဒေသကြား ကုန်သွယ်ရေးမြှင့်တင်ရန်နှင့် ဆက်ဆံရေးအားကောင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ယင်းကုန်စည်ပြပွဲသည် ကုမ္ပဏီ‌ပေါင်း ၁၈,၀၀၀ ကျော်အား အကျိုးရှိစေခဲ့ပြီး ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် မြှင့်တင်နိုင်ခဲ့ကာ စီမံကိန်းပေါင်း ၃,၀၀၀ ကျော် သဘောတူစာချုပ် ချုပ်ဆိုရေးအဆင်ပြေချောမွေ့စေခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
26 Myanmar companies participate in 8th China-South Asia Expo
YANGON, July 26 (Xinhua) — Myanmar has 26 booths set up at the 8th China-South Asia Expo held in southwest China’s Kunming city to display its products, the state-run Myanmar Radio and Television (MRTV) reported on Friday.
A total of 26 companies from Myanmar are showcasing their agricultural products, handicrafts, gems, and jewelry at the expo, the report said.
This year’s expo, which runs from July 23 to 28, aims to boost trade and strengthen relations between China and South Asia, the report said.
Since 2013, the expo has served more than 18,000 companies, promoted more than 100 billion U.S. dollars of trade, and facilitated deals for over 3,000 projects, according to official statistics.
Photo: People visit the 8th China-South Asia Expo in Kunming, southwest China’s Yunnan Province, July 25, 2024. The 8th China-South Asia Expo opened here on Tuesday, attracting over 2,000 exhibitors. (Xinhua/Peng Yikai)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.