Economy
တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ယနေ့စတင်ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) တွင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “အခုပွဲကို မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ Made in Myanmar ပရိုမိုးရှင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီးတော့မှ ကျင်းပခြင်းကို နွေးထွေးစွာကြိုဆိုပါတယ်။ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်း အားကောင်းတဲ့အချိန်မှာ လုပ်သားဦးရေ ၅ သိန်းနီးပါးကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနေတဲ့ လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဖောက်သည်သစ်ရှာဖွေရေး၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနဲ့ စက်ပစ္စည်းများရရှိမှုအတွက်ကို အခုလိုပြပွဲတွေကျင်းပတာဟာ မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို ကျင်းပမှပဲ လုပ်ငန်းအချိတ်အဆက်တွေ၊ နည်းပညာတွေ၊ စက်ပစ္စည်းနဲ့ ဆန်းသစ်တီထွင်မှု စိတ်ကူးစိတ်သန်းတွေကို ရရှိလာကြမှာပဲ ဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Center တွင် ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၈ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းလုပ်ငန်းရှင် ၁၀၀ ကျော်က ပြခန်းပေါင်း ၁၀၀ ကျော်တွင် ၎င်းတို့၏ ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ပြခန်းစုစုပေါင်း ၁၅၀ ခန့် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်း၊ Yangon Convention Center (YCC) ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်မှုကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်ပါတယ်။ နှစ်နိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရော၊ နယ်စပ်ကုန်သွယ်မှုကိုပါ လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်ကဏ္ဍကနေပြီးတော့ ကျွန်တော်တို့ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံကို တင်ပို့နိုင်ခဲ့ပါတယ်။ ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်မှာလည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားပြီး တင်ပို့လျက်ရှိပါတယ်။ ကျွန်တော်တို့လိုအပ်နေတဲ့ ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံတဲ့နိုင်ငံတွေကနေ တရုတ်နိုင်ငံဈေးကွက်ကနေတဆင့် ကုန်ကြမ်းပစ္စည်းများအဓိကတင်သွင်းခဲ့ပါတယ်။ ဒီနှစ်အထည်အလိပ် ကုန်ကြမ်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တင်သွင်းခဲ့တဲ့အခါမှာလည်း တရုတ်နိုင်ငံကနေ ၉၀ ရာခိုင်နှုန်းကျော်ကိုတင်သွင်းခဲ့တာ တွေ့ရပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ကပ်ရောဂါမတိုင်မီ အထည်ချုပ်လုပ်ငန်း ၇၀၀ ကျော်လည်ပတ်နေရာမှ လုပ်ငန်းပိတ်သိမ်းခဲ့ရခြင်းများ ရှိကြောင်း ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
ဦးမင်းမင်းက “အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလို ကုန်စည်ပြပွဲတွေ ကျင်းပခြင်းက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်” ဟုဖြည့်စွက်ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ China Chamber of Commerce for Import and Export of Textile ၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး၊ တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ UMFCCI, CECCM,MGMA, CTGA, UGIMA, KUGAM တို့မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မိန့်ခွန်းများ အသီးသီးပြောကြားခဲ့သည်။ (Xinhua)
#တရုတ် #မြန်မာ #အထည်ချုပ်