တရုတ်-မြန်မာ နှစ်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် တရုတ်ပြက္ခဒိန်အရ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည့် ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းများက ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲနှင့် နှစ်သစ်ကူးကြိုဆိုဂုဏ်ပြုပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua) #တရုတ်နှစ်သစ်ကူးပွဲတော် #ချစ်ကြည်ရေး #ကြိုဆိုဂုဏ်ပြု
ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ရန်ကုန်မြို့ တရုတ်တန်းရှိ ဆိုင်များတွင် တရုတ်နှစ်သစ်ကူး အလှဆင်ဖွယ်ရာများနှင့် တရုတ်ရိုးရာစားဖွယ်ရာများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အခါသမယ ရောက်ရှိလာမည့် အချိန်အခါတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက မီဒီယာမှတစ်ဆင့် တရုတ်ပြည်သူများအား နှုတ်ခွန်းဆက်သခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မြန်မာပရိသတ်များ တရုတ်နှစ်ကူးပွဲတော်အကြောင်းကို သိရှိနားလည်စေကာ တရုတ်ရိုးရာယဉ်ကျေးမှုအကြောင်းကို ခံစားလေ့လာနိုင်ပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ကြောင်း ယုန်နှစ် နွေဦးနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms.Xu Ling က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ (Xinhua)
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေးများကို ကျောင်းနေအရွယ် ကလေးငယ်များနှင့် နာတာရှည်ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) “ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”အစီအစဉ်များကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်အခမ်းအနားကို မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်းများအသင်း(CECCM)၊ Myanmar One Belt One Road Chamber Of Commerce(MOBOR)နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဧည့်ခံကြိုဆိုပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ကုန်သည်ကြီးများအသင်းက ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ၎င်းပွဲတော်သည် တရုတ်လူမျိုးများအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ရက်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကြိုဆိုခြင်း၊ မိသားစုများ ပြန်လည်ဆုံဆည်းခြင်း ဟူသော ဆန္ဒမွန်များကို ဖော်ဆောင်နေပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ရိုးရာယုန်နှစ်ကို ကြိုဆိုဂုဏ်ပြုရင်း တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်များအနက် အစည်ကားဆုံးဖြစ်သော တရုတ်နှစ်သစ်ကူးပွဲတော် အချိန်အခါသမယမှာ မကြာမီရောက်ရှိလာပါတော့မည်။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို မိသားစုများ စုံစုံညီညီ၊ မိတ်ဆွေများ သိုက်သိုက်ဝန်းဝန်းဖြင့် ကြိုဆိုကြခြင်းသည်လည်း တရုတ်နှစ်သစ်ကူးပွဲတော်၏ အမှတ်လက္ခဏာတစ်ခုပင် ဖြစ်ပါသည်။ နှစ်သစ်ကူးချိန်ခါကို အတူကြိုဆိုရင်း မိသားစုများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နှစ်ကူးနွေဦးပွဲတော်သည် တရုတ်လူမျိုးများ၏ ကြီးကျယ်ခမ်းနားသည့် ရိုးရာပွဲတော်ဖြစ်ပြီး ဆွေမျိုးမိတ်ဆွေများနှင့်ဆုံဆည်း၍ ပျော်ရွှင်ကြည်နူးဖွယ်ရာများကို အတူမျှဝေကြသည့် အရေးကြီးပွဲတော်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ယုန်နှစ် နှစ်ကူး နွေဦးပွဲတော် ရောက်ရှိတော့မည့် အခါသမယတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ၊ “ဆုံဆည်းပျော်မြူး...