Connect with us

Economy

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်မည် ဖြစ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော်၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့ဘက်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။
စီမံကိန်းကို ထိထိရောက်ရောက် မြှင့်တင်နိုင်ရန် ကြိုးပမ်းရာတွင် နောက်ဆက်တွဲ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခြင်း မပြုမီ အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက “ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းက မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

” ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာBelt and Road Initiative စတင်ခဲ့တဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့Belt and Road Forum for International Cooperation ကိုကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ပြီး High-level Forum on Digital Economy session မှာ The Opportunities of Digital Economy for Shared Benefits and Mutual Learning ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ Belt and Road Initiativeအစီအစဉ်မှာဆက်လက်ပြီးပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာမြန်မာနိုင်ငံရဲ့ တက်ကြွစွာပူးပေါင်းပါဝင်လိုမှုကိုပြသတဲ့ သာဓကတစ်ခုလည်းဖြစ်ပါတယ်” ဟုဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Cao Jing နှင့် CITIC Group Corporation နှင့် CITIC ကော်ပိုရေးရှင်း လီမိတက်၏ ဒုတိယဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌ Xi Guohua တို့ကလည်း အဆိုပါ အခမ်းအနားတွင် အမှာစကား ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီး စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး (Gateway) အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့်တရုတ်ဘက်မှအစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာမြန်မာနိုင်ငံ၏ပထမဆုံးသောနိုင်ငံတကာအဆင့်မီရေနက်ဆိပ်ကမ်းအဖြစ်ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာမှာဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ပါဝင်တဲ့ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်မှုနှင့်အတူစက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စက်မှုဥယျာဉ်စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ပါကဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမှာဖြစ်ပါတယ်။
ဟုပြောသည်။

မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်းကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်သည့်အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေး ဖွံဖြိုး တိုးတက်ရေးနှင့် ပြည်သူပြည်သား တစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum)ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် သဘောတူညီမှုစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
#ကျောက်ဖြူ #ရေနက်ဆိပ်ကမ်း

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.