Connect with us

Economy

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ဒုတိယအတွင်းဝန် Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်လျှော့နိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တည်ထောင်ကာ ဒေသတွင်းနိုင်ငံများသို့ လူမှုစီးပွားဘဝမြှင့်တင်ရေးစီမံကိန်းများကို ထောက်ပံ့ပေးလျက်ရှိသည်မှာ ယခုနှစ်၌ပင် ဆဋ္ဌမအကြိမ်သို့ရောက်ရှိပြီဖြစ်ကြောင်း ပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် စီမံကိန်း ၃၅ ခုကို သက်ဆိုင်ရာနယ်ပယ်များအလိုက် ရည်မှန်းချက်များ ပြည့်ဝအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူး ရန်ပုံငွေထောက်ပံ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဆက်လက်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ၊ (၂၀၂၂) တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သော လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြားခဲ့သည်။

ယင်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် စီမံကိန်းများသည် မြန်မာ့ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို များစွာ အထောက်အကူပြုစေနိုင်ပြီး အကျိုးကျေးဇူးများစွာရှိသော စီမံကိန်းလုပ်ငန်းများဖြစ်ကြောင်း မဲခါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ၊ (၂၀၂၂) တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သော စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးက ပြောကြားသည်။

အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စီမံကိန်း စုစုပေါင်း ၃၅ ခုအား စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂.၁၈ သန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၇) ဖြင့် စီမံကိန်း ငါးခု၊ (၂၀၁၈) ဖြင့် စီမံကိန်း ကိုးခု၊ (၂၀၂၀) ဖြင့် စီမံကိန်း ခြောက်ခု၊ (၂၀၂၁) ဖြင့် စီမံကိန်း လေးခု၊ (၂၀၂၂) ဖြင့် စီမံကိန်း ခုနစ်ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်း (၄) ခုတွင် မြန်မာ့လယ်ယာ ထွက်ကုန်များ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးမြှင့်တင်ရေး၊ စပါး အပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ခွာနာလျှာနာရောဂါ ကင်းရှင်းရေးဇုန်ထူထောင်ခြင်း၊ ဒေသကြက်များအား မျီုးရိုးဗီဇမြှင့်တင်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ကြောင်း သိရသည်။

ယင်း စီမံကိန်းများကြောင့် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးကို တစ်စိတ်တစ်ပိုင်း မှီခိုနေကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်း အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117