ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့်...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် အာဆီယံ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို “ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” သို့အဆင့်မြှင့်တင်ရေး နှင့်၂၀၂၁ ခုနှစ်ကို “အာဆီယံ-တရုတ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်” အဖြစ် သတ်မှတ်ရေး ကိစ္စရပ်များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် တရုတ်နိုင်ငံက အဆိုပြုထားသည့်...
နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီသည် စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်...
နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီအား စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် အသီးသီး...
ရန်ကုန်၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ရွှေကုက္ကို မြို့သစ်စီမံကိန်းအား မြန်မာနိုင်ငံမှ တရားဥပဒေနှင့်အညီကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်မှု အပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး Wechat: gh_cb140e4916d6တွင် ဩဂုတ် ၂၅ ရက်က ထုတ်ပြန် ရေးသား ဖော်ပြထားသည်။