Connect with us

Politics

တရုတ်နိုင်ငံ ထိုင်ဝမ် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က တရုတ်နိုင်ငံ ထိုင်ဝမ် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒအရ ထိုင်ဝမ် (တရုတ်-တိုင်ပေ) သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့်
အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သောဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်းအတည်ပြုအပ်ပါသည်ဟူ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)