Connect with us

Politics

မြန်မာနိုင်ငံအစိုးရ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် သံအမတ်ကြီး Mr. Chen Hai တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်သံအမတ်ကြီး သံအမတ်ကြီး Mr. Chen Hai တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇန်နဝါရီ ၂၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်သစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ခြင်းမှ အစပြုကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော်ဆောင်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)