Connect with us

Politics

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦး အပါအဝင် ၁၀ ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်သည်။ ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့်အဝထင်ဟပ်စေပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို ပြတ်သားစွာ အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည်။ ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကာ အွန်လိုင်းလိမ်လည်သည့်အဖွဲ့များကို ပြင်းထန်စွာထိုးနှက်လိုက်ပြီး တိုက်ဖျက်ရေးလုပ်ငန်းသည်သမိုင်းဝင် အရေးပါကြီးမားသောရလဒ်များရရှိခဲ့ပါသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.