Connect with us

Social

မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူတော်လူမွန်များ ပျိုးထောင်ရန် တရုတ် နိုင်ငံ မှ ပညာသင်ဆု ငွေကျပ် သိန်း ၁၃၆၀ ထပ်မံ ပေးအပ်

“တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း အခမ်းအနားတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ ကျောင်းသူ/သား များအား ပညာသင်ဆု အနေဖြင့် ငွေကျပ် သိန်းပေါင်း (၁၃၆၀)ကို ပေးအပ် လှူဒါန်း ခဲ့ပါသည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ အခြေခံ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် ၊ သံရုံး တာဝန်ရှိသူများ ၊ သက်ဆိုင်ရာ ဆရာ/ဆရာမ များ နှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူတော်လူမွန်များဟာ နိုင်ငံတစ်နိုင်ငံရဲ့အကြီးမားဆုံးဥစ္စာဓန ဖြစ်တယ်လို့ပြောဖူးကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံပညာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတော်လူမွန်များ ပျိုးထောင်ရေး လုပ်ငန်းစဉ်အား အကူအညီပေးရန် ယခုနှစ်မှာ တရုတ် သံရုံးအနေဖြင့် မြန်မာ နိုင်ငံ အစိုးရ နှင့် ပူးပေါင်းပြီး မြန်မာ နိုင်ငံ ဒေသအသီးသီး တွင် “တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း”များ ဆောက်လုပ်လျက်ရှိကြောင်း ၊ မကြာခင်ကလည်း ပထမ ဆုံး “တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း” ကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း ၊ ယခု နှစ် မကုန်မှီ စာသင်ကျောင်းဆောင် (၁၀)ဆောင် ဖွင့်လှစ်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ၊ ထို့ပြင် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု”ကိုလည်း ထပ်မံ ထူထောင်ခဲ့ပြီး မြန်မာ နိုင်ငံ ကျောင်းသား/သူ များမှ နိုင်ငံ့အကျိုးပြုလူတော်လူကောင်းများအဖြစ် ကြီးပြင်းလာစေရန် အားပေး ခဲ့ကြောင်း ၊ ထူးချွန်သည့် မြန်မာ ကျောင်းသား/သူ များကိုလည်း ရွှေးချယ်ပြီး တရုတ် နိုင်ငံ သို့ ပညာတော်သင်စေလွှတ်မှာဖြစ်ကြောင်း ၊ ပညာသင်ယူပြီးမြောက်ပါက အမိမြန်မာ နိုင်ငံကို အကျိုးပြုပြီး နိုင်ငံတော် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာနှင့် အားအင်များ စိုက်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံရဲ့လိုအပ်ချက်အရ ပညာသင်ဆုအရေအတွက်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ အဖွင့်အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အခြေခံ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် မှ နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အခြေခံ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် မှ နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခုကဲ့သို့ ပညာသင်ဆု ပေးခြင်းအားဖြင့် ကလေးများ အားတက်ပြီးပညာကို ကြိုးစားသွားကြမည် ဖြစ်ကြောင်း ၊ ပညာသင်ဆု သာမက အခြားလိုအပ်ချက်ဖြစ်သည့် ကျောင်းများကိုလည်း အသစ်တည်ဆောက်ပေးနေသည့်အတွက် ပညာရေးဝန်ကြီးဌာန ကိုယ်စားကျေးဇူးတင်ကြောင်း ၊ နိုင်ငံတော် ပြန်လည် တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးနိုင်တဲ့ ကျောင်းသူ/သား များ၏ ပညာရည်တိုးတက်ရေး အတွက် လိုအပ်ချက်များကို ပေးအပ်သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ နှင့် တကွ တရုတ်ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် တရုတ် ဘာသာဌာန ဌာနမှူး ဒေါက်တာ ခင်မေချို မှ ပညာသင်ဆု ပေးအပ်ခြင်းခံရသော ကျောင်းသူ/ကျောင်းသား အားလုံး ကိုယ်စားကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ ကျောင်းသူ/သား နှင့် ကိုယ်စားလှယ် များထံ သို့ ပညာသင်ဆု များကို ပေးအပ်ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

ယခု အကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း ခံရတဲ့ ကျောင်းများ မှာ အထက(၇) နေပြည်တော် ၊ ကျောက်ပန်းတောင်းမြို့နယ် အထက(၁) ၊ အထက(၂) ၊ အထက(၃) နှင့် ရပ်ကွက် မူလတန်းကျောင်း ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ မြန်မာ နိုင်ငံ မြောက်ပိုင်း ကောဝန်ယဉ်ကျေးမှု နှင့် ပညာရေးအသင်း ၊ မန္တလေး ကွန်ဖြူးရှပ် စာသင်ကျောင်း ၊ ရန်ကုန် ကွန်ဖြုးရှပ် စာသင်ကျောင်း ၊ ရန်ကုန် ဖူရှင်း ကွန်ဖြူးရှပ် စာသင်ကျောင်း တို့ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.