Connect with us

Social

တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲ ပွင့်ဖြူတွင် ကျင်းပ

တရုတ်ပြည်သူ့  သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် - မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr. Tian Shanting အဖွင့်အမှာ စကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင် သစ်များကို မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေမြုပ် ဒေသများတွင် ဆောက်လုပ် ဖွင့်လှစ်လျက်ရှိရာ ဒုတိမြောက် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲကို မကွေးတိုင်း မင်းဘူး ခရိုင် ပွင့်ဖြူ မြို့နယ် ရွာခိုင်ကျေးရွာတွင် နိုဝင်ဘာလ ၃ ရက် နေ့လယ်ပိုင်း၌ ကျင်းပခဲ့သည်။

ပွင့်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့် အမှာစကား ပြောကြား အပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr. Tian Shanting ၊ ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး အကျိုးတော်ဆောင်၊ ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာ ကံဇော် နှင့် ရွာခိုင် အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဉ်မွန်တို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြသည်။“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဒီလို ကျောင်းဆောင်သစ် ဆောက်လုပ် ပေးအပ်မှုနဲ့ ပညာရေးဆိုင်ရာ ကူညီပံ့ပိုးမှု ပရောဂျက်ဟာ ဒေသခံ ကျောင်းအသီးသီး တည်ဆောက်ရေးအတွက် အထောက်အပံ့ကောင်း ဖြစ်တဲ့အပြင် ထူးချွန်ကျောင်းသားတွေကို ကူညီထောက် ပံ့တဲ့ အစီအစဉ် ကလည်း မြန်မာနိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ရလဒ်ကောင်းတွေ ဖြစ်လာ မယ်လို့ယုံကြည်ပါတယ်၊ ဒီလို ဆောင်ရွက်မှု တွေဟာ တရုတ် – မြန်မာ ချစ်ကြည်ရေးကို ဆက်လက်ဖွံ့ဖြိုးလာ စေမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဦးထွန်းထွန်းက အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် ပွင့်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့် အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr. Tian Shanting က “ပညာရေး ဆက်လက်ဖွံ့ဖြိုးဖို့ ရွာခိုင်ကျောင်းက ပညာရည်ချွန် ကျောင်းသားတွေကို အခုလို ကျပ် သိန်း တစ်ရာ လှူခဲ့သလို နောင်မှာလည်း ဆက်လက် လှူဒါန်းသွားဖို့ရှိပါတယ်။ တရုတ် မြန်မာ နှစ်နိုင်ငံဟာ အခြေခံပညာမှာသာမက အဆင့်မြင့်ပညာ ဘက်မှာလည်း ပူးပေါင်းဆောင်ရွက်မှုနဲ့ဖလှယ်မှုတွေ ရှိနေပါပြီ၊ နောင်ကိုလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ သက်မွေး ဝမ်းကျောင်း ပညာရေးတွေမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ အပြန်အလှန် ဖလှယ်သွားဖို့ ရှိပါတယ်” ဟု ဟောပြောပွဲ အပြီးတွင် မီဒီယာကို ဖြေကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာ ကံဇော် ကျေးဇူးတင်စကားပြောကြားနေစဉ် (ဆင်ဟွာ)

ယခု ကျောင်းဆောင်သစ်၏ ကုန်ကျစရိတ်ကို တွက်ချက်နေဆဲ ဖြစ်သောကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးဟု သိရသော်လည်း “တစ်နှစ်ကို ကျောင်းဆောင် ဆယ်ခုလောက် ဆောက်လုပ် ဖွင့်လှစ်ပေးဖို့ရှိပါတယ်၊ အဲဒီ အတွက် လည်း တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရက တစ်နှစ်ကို တရုတ်ငွေ ယွမ် သိန်း တစ်ရာလောက် သုံးစွဲဖို့ လျာထားပါတယ်” ဟုလည်း ယဉ်ကျေးမှု သံမှူး Mr. Tian Shanting က ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် ရွာခိုင် အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဉ်မွန် ကျေးဇူးတင်စကားပြောကြားနေစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “ဒီလကုန်အထိ ကျောင်းလေးကျောင်း ဖွင့်မယ်၊ ဒီဇင်ဘာလမှာ နေပြည်တော် အ ထ က (၇) မှာ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်း တစ်ခု ပါတဲ့ ကလေး အားကစားကွင်းကို ဆောက်လုပ် ဖွင့်လှစ်ဖို့ရှိပါတယ်” ဟုလည်း ပြောခဲ့သည်။တရုတ် – မြန်မာ ချစ်ကြည်ရေး ပထမဆုံး ကျောင်းဆောင်သစ်ကို ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ မဟာ ပညာ ဗိမာန် ပရဟိတ သင်တန်းကျောင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့၌ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ရွာခိုင် အထက်တန်းကျောင်း ကျောင်းဆောင်သစ်မှာ ဒုတိယ ကျောင်းဆောင်ဖြစ်ပြီး နိုဝင်ဘာလ နောက် ဆုံး သီတင်းပတ် ထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်၊ သဖန်းအိုင်ကျေးရွာ နှင့် နန်းကြီးဆောင် ကျေးရွာတို့၌ တတိယနှင့် စတုတ္ထ ကျောင်းဆောင်များကို ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ်အား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr. Tian Shantingအား အမှတ်တရလက်ဆောင်ပေးအပ်စဉ် (ဆင်ဟွာ)

အိမ်ခြေ ၁၂၀၀ ကျော်၊ လူဦးရေ ၄၂၅၀ ဦး နေထိုင်လျက်ရှိသည့် အဆိုပါ ရွာခိုင်ရွာ အခြေခံပညာ အထက်တန်း ကျောင်း(ကျောင်းခွဲ) တွင် ကျောင်းသူ ကျောင်းသား ၈၀၀ ဦးခန့်တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ဆရာ ဆရာမ ငါးဦးက တာဝန်ယူ သင်ကြားပေးလျက်ရှိပြီး ယခု ကျောင်းဆောင်သစ်ကြောင့် သင်ကြားရေးအတွက် အဆင်ပြေရုံသာမက ရေမြုပ်ဒေသ၇ှိ ကျောင်းသူ ကျောင်းသားတို့အတွက် ကျန်းမာရေးနှင့် ကိုက်ညီပြီး အဆင့်အတန်းရှိရှိ ပညာသင်ယူခွင့် ရရှိစေသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဉ်မွန်က ပြောသည်။

မြန်မာနိုင်ငံရှိ ၂၀၁၅ ခုနှစ် ရေမြုပ် ဒေသများ ပြန်လည် ထူထောင်ရေးတွင် အကူအညီများ ပေးရန် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းကို မြန်မာအစိုးရက လက်ခံ ဆောင်ရွက်သည့် အစီအစဉ်အရ ယခင် အစိုးရ လက်ထက်က လျာထားချက်များကို ဆက်လက် ဆောင်ရွက် ပေးသည့် အစိုးရသစ်ကို လည်း ကောင်း၊ ယခု အစီအစဉ်ကို စတင် အကောင်အထည် ဖော်ခဲ့သည့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျံ ကို လည်းကောင်း၊ ကိုယ်တိုင် တက်ရောက် ချီးမြှင့် ဖွင့်လှစ်ပေးသည့် ယဉ်ကျေးမှု ဆိုင်ရာ သံမှူး Mr. Tian Shanting ကိုလည်းကောင်း၊ ခွင့်ပြုပေးခဲ့သည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်းကောင်း ကျေးဇူးတင်ရှိ ကြောင်း ယခု ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး အကျိုးတော်ဆောင်၊ ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်း ဒေါက်တာ ကံဇော်က ၎င်း၏ ကျေးဇူးစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ကျေးဇူးတင်စကားများ အသီးသီးပြောကြားအပြီးတွင် ယဉ်ကျေးမှု ဆိုင်ရာ သံမှူး Mr. Tian Shanting က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့် ကျောင်းဆောင်သစ်အား ရွာခိုင် ကျောင်းအုပ် ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခြင်း၊ ဆရာမကြီးက ကျောင်းဆောင် ဖွင့်ပွဲအထိမ်းအမှတ် အလံကို သံမှူးထံ ပေးအပ်ခြင်း၊ သံမှူးက ရွာခိုင်ကျောင်း၇ှိ ထူးချွန် ကျောင်းသူ ကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ကြေးငွေ ကျပ် သိန်းတစ်ရာ ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ် အလှူရှင် တရုတ် ယဉ်ကျေးမှု ဆိုင်ရာ သံမှူးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် လက်ဆောင် ပစ္စည်း ပေးအပ်ခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ အခြေခံ ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၊ တိုင်းဒေသကြီး ပညာရေးမှူး၊ မင်းဘူးခရိုင် ပညာရေးမှူး၊ ယခု ကျောင်းဆောင်သစ်ကို ဆောက်လုပ်ပေးသည့် ရွှေတောင် ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မြင့် နှင့် အခြား ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.