Connect with us

Social

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ် မျက်စိ အခမဲ့ ခွဲစိတ်ကုသခြင်း မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်

သမ္မတဦးထင်ကျော် နှင့် ဇနီးတို့က မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အတူအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်သည့် အခမ်းအနားအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးတွင် ယနေ့နံနက် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ တရုတ်ပြည်သူ့ဆက်ဆံရေး အသင်းနှင့် တရုတ်အမျိုးသား ကုသိုလ်ဖြစ် မဟာမိတ် အဖွဲ့တို့က အဓိက ပံ့ပိုးကြပြီး တရုတ်နိုင်ငံ ပင်လယ် ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၊ တရုတ် မသန်စွမ်းသူများ ဖောင်ဒေးရှင်း၊ အိုင်အို မျက်စိ အထူးကု ဆေးရုံအုပ်စု၊ ဝိသာခါ ဖောင်ဒေးရှင်းနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံ ကြီး (နေပြည်တော်) တို့က ပူးတွဲ ပံ့ပိုးကြသူများ အဖြစ် စီစဉ်ကြသည့် အဆိုပါ အခမ်းအနားသို့မြန်မာနိုင်ငံ သမ္မတကြီးတို့ဇနီးမောင်နှံနှင့်အတူ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီးနှင့် သံရုံး အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သည့် China Public Diplomacy Association, China Carity Alliance နှင့် ဝိသာခါ ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူ ၂၄၆ သန်း၊ မျကိစိကွယ်သူ ၃၉ သန်းရှိကြပြီး အမြင်အာရုံ ချို့တဲ့သူများ၏ ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းမှာ ကာကွယ် ကုသ၍ ရနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကာကွယ်ကုသနိုင်သော မျက်စိရောဂါအားလုံး၏ ၆၀ ရာခိုင်နှုန်းမှာ အတွင်းတိမ်ရောဂါ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဆိုပါ အခမ်းအနား အဖွင့် မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အခုလက်ရှိမှာ မြန်မာနိုင်ငံမှာ အတွင်းတိမ်ရောဂါ ဖြစ်နေသူ သုံးသိန်းခွဲလောက်ရှိပါတယ်၊ နှစ်စဉ် ခွဲစိတ်ပေးနိုင်တဲ့ အရေအတွက်က တစ်သိန်းကျော်သာ ဖြစ်လို့ ပိုပြီး ခွဲစိတ်ကုသပေးဖို့လိုအပ်နေပါတယ်၊ မျက်စိ ဆရာဝန်ဦးရေက ၃၃၀ ဦးလောက်ပဲရှိတဲ့အတွက် လူဦးရေ တစ်သိန်းခွဲမှာ မျက်စိ ဆရာဝန် တစ်ဦးနှုန်း စောင့်ရှောက်ပေးနိုင်နေပါပြီ၊ မျက်စိအတွင်းတိမ်ရောဂါကို ထိထိရောက်ရောက် ကုသပေးနိုင်မှသာ မျက်မမြင် လျော့နည်းရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ အထူးသဖြင့် အတွင်းတိမ် ရောဂါ ဝေဒနာရှင်များကို ကွင်းဆင်း ရှာဖွေပြီး အခမဲ့ ခွဲစိတ်ကုသပေးတာကို အင်တိုက် အားတိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ် အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အဖွင့်မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ် အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

ဝိသာခါ ဖောင်ဒေးရှင်း၏ နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်က အလှူပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ် အခမ်းအနား တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတဦးထင်ကျော် နှင့် ဇနီးတို့အား ဝိသာခါ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

သမ္မတဦးထင်ကျော် နှင့် ဇနီးတို့ ) မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အခမ်းအနားမှ ပြန်လည်ထွက်ခွာလာသည့်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယခုကဲ့သို့မျက်မမြင် ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနကသာမက သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့အစည်းများ အပြင် ပြည်သူ တစ်ရပ်လုံးကပါ တက်ညီလက်ညီ ပူးပေါင်း ပါဝင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြမှသာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ရည်မှန်းချက် ဖြစ်သော ၂၀၂၀ ခုနှစ်တွင် ကာကွယ် ကုသ၍ရသော မျက်စိရောဂါများ လျော့နည်း ပပျောက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “အခု မဲခေါင်ဒေသ အလင်းရောင် အစီအစဉ် ဟာ လန်ချန်းမြစ် – မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းရဲ့ အပိုင်း တစ်ပိုင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံ ဟာ မဲခေါင် ဒေသမှာ အရေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်၊ တရုတ် နိုင်ငံအနေနဲ့အဆွေတော် မြန်မာနိုင်ငံ ကို လန်ချန်းမြစ် – မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ဘောင်ထဲမှာပဲ ပိုပြီး ဆောင်ရွက်ပေးသွားဖို့ဆန္ဒရှိပါတယ်၊ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်း ပြည်သူလူထု အတွက် ပိုမိုပြီး အမြန်ဆုံး အကျိုးပြုသွား ဖို့ ရည်ရွယ်ပါ တယ်” ဟု ပြောခဲ့သည်။

ထို့အတူ အဆိုပါ အခမ်းအနားသို့တက်ရောက်လာသည့် တရုတ်ပြည် မျက်စိ အထူးကု ကဏ္ဍတွင် အကြီးဆုံး သော အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်ဟုဆိုသည့် အိုင်အို မျက်စိ အထူးကု ဆေးရုံအုပ်စုမှ အတွင်းဝန် Mr. Peng Zhikum ကလည်း “မြန်မာနိုင်ငံအတွက် မဲခေါင်ဒေသ အလင်းရောင် အစီအစဉ်ဟာ လန်ချန်းမြစ် – မဲခေါင် မြစ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းရဲ့ အရေးပါဆုံး လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်၊ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ အောက်တို ဘာ လထဲမှာ လာအို နိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့မှာ ဆောင်ရွက်ခဲ့ပြီး အခုက တတိယမြောက် ဆောင်ရွက်တာ ဖြစ်ပါတယ်၊ အိုင်အို မျက်စိ အထူးကု ဆေးရုံအုပ်စုမှ အကျွမ်းကျင်ဆုံးသော မျက်စိကုသရေး အဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ်ပြီး အတွင်းတိမ် ဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုစိတ် ကုသပေးမှာ ဖြစ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ တရုတ် – မြန်မာနှစ်နိုင်ငံ အကြား မျကိစိ ကုသမှုဆိုင်ရာ နည်းပညာများ ပူးပေါင်း ဖလှယ်ပြီး နှစ်နိုင်ငံရဲ့ မျက်စိကုသမှု အတတ်ပညာ၊ အသိပညာများ ပိုမို တိုးတက် အောင်မြင်အောင် လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမို အောင်မြင်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူတို့အကြား လူထု အကျိုးပြု လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ မဲခေါင် ဒေသ အလင်း ရောင် ခရီးစဉ်ကို ဆောင်ရွက်ကြခြင်း ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် အိုင်အို မျက်စိ အထူးကု ဆေးရုံအုပ်စုမှ အတွင်းဝန်တို့က ပြောကြားခဲ့ကြသည်။

ယခု အစီအစဉ်တွင် ပံ့ပိုး ပါဝင် ဆောင်ရွက်သည့် ဝိသာခါ ဖောင်ဒေးရှင်း၏ နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်ကလည်း မိမိတို့ပူးပေါင်း ပါဝင်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျပ် သိန်း ၁၀၀ ကျော်တန် Cassette Sterilizer တစ်လုံးနှင့် Auto Clave နှစ်လုံးကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်း ဆေးရုံအုပ်ကြီး ဒေါက်တာ လှမာလာက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထိုအစီအစဉ်အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးတွင် မျက်စိ အတွင်းတိမ် လူနာ ၅၂ ဦးတို့ကို နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း အခမဲ့ ခွဲစိတ်ကုသပေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ သုံးရက်အတွင်း မျက်စိ ဝေဒနာရှင်များ ထပ်တိုးလာပါကလည်း ခွဲစိတ် ကုသပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ လှမာလာက ဆင်ဟွာကို ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.