ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အခါသမယ ရောက်ရှိလာမည့် အချိန်အခါတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက မီဒီယာမှတစ်ဆင့် တရုတ်ပြည်သူများအား နှုတ်ခွန်းဆက်သခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေးများကို ကျောင်းနေအရွယ် ကလေးငယ်များနှင့် နာတာရှည်ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဧည့်ခံကြိုဆိုပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ကုန်သည်ကြီးများအသင်းက ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲအား ဇန်နဝါရီ ၈ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်လျက် ရှိရာ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပညာရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်း၊ ဌာနများနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကိုအားပေးထောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောကြားခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) Bank of China (BOC)ပညာသင်ဆုနှင့် ထောက်ပံ့ကြေးအစီအစဉ်ကို ရန်ကုန်မြို့တွင် တရားဝင်စတင်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူ အယောက် ၁၀၀ အား အကျိုးပြုနိုင်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) The Bank of China (BOC) နှင့် တရုတ်နိုင်ငံဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office) မှ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ အယောက် ၁၀၀ အား ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။ ပညာသင်ဆုနှင့်...
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို ဆက်လက်ကူညီဖော်ဆောင်ပေးသွားမည်ဟု တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ကိုယ်စားလှယ်က အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံးခန်း ဖွင့်လှစ်ခြင်း ၇...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) များကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။