Connect with us

Sino-Myanmar

တရုတ်နိုင်ငံကြက်ခြေနီအသင်း မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေသားကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ အမှတ်(၁၇)ကုတင်(၁၀၀) ဆံ့ဆေးရုံအတွင်း လဲကျနေသော သစ်ပင်များအား ရှင်းလင်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြုံတွေ့ရပြီးနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန် တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မေလ ၂၄ ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေသားကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ မေ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ အမှတ်(၁၇)ကုတင်(၁၀၀) ဆံ့ဆေးရုံအတွင်း လဲကျနေသော သစ်ပင်များအား ရှင်းလင်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအဖြင့် လတ်တလောတွင် ကြုံတွေ့ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများအား နှစ်သိမ့်အားပေးလိုပါကြောင်း၊ ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံသည် ရှေးဦးစွာ မြန်မာနိုင်ငံထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကြက်ခြေနီအသင်းသည်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံသို့ ကူညီမှုများပေးအပ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ၍ အေးအတူပူအမျှဖြစ်သည့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုအပြည့်အဝပေါ်လွင်စေကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မိမိတတ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်သွားကာ ဒေသခံပြည်သူများ ယာယီအခက်အခဲများကိုကျော်ဖြတ်၍ ဆောလျင်စွာအိမ်ရာပြန်လည်တည်ဆောက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)