Connect with us

Africa & Middle East

ဂျော်ဒန်နိုင်ငံ တွင် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦးရှိလာ

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Al Karak ရဲတိုက်အနီးတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အမ်မန်၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် ကနေဒါနိုင်ငံသား ခရီးသွားအမျိုးသမီးတစ်ဦး အပါအဝင် လူ၁၀ဦးသေဆုံးခဲ့ကြောင်း အထွေထွေလုံခြုံရေးဋ္ဌာနက ပြောကြားခဲ့သည်။

သေနတ်သမားသည် Karak မြို့ရှိ ကျော်ကြားသော ပြည်ပခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်သည့် Al Karak ရဲတိုက်အတွင်း ပုန်းအောင်းနေပြီးနောက် အနီးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ရဲတိုက်အတွင်း ပုန်းအောင်းနေသည့် သေနတ်သမားအား ဝန်းရံထားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံသည် အိမ်နီးချင်းဖြစ်သော အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ ရှိ IS စစ်သွေးကြွများအား တိုက်ခိုက်နေသည့် အမေရိကန်နိုင်ငံ ဦးဆောင်သော မဟာမိတ်ညွှန့်ပေါင်းတပ်ဖွဲ့တွင် ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.