Connect with us

Africa & Middle East

အာဖဂန် တောင်ပိုင်း ပစ်ခတ်မှုကြောင့် လေဆိပ်က အမျိုးသမီး ဝန်ထမ်းများနှင့် ယာဉ်မောင်း အပါအဝင် ၅ ဦးသေဆုံး

ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာအား ရဲတပ်ဖွဲ့က လုံခြုံရေး စည်းတားထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဒဟာ၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် တောင်ပိုင်း ကန်ဒဟာပြည်နယ် မြို့တော် ကန်ဒဟာတွင် သေနတ်သမားများက မော်တော်ယာဉ် တစ်စီးအား ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ကပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါလာသည့် လေဆိပ်မှ အမျိုးသမီး ဝန်ထမ်းများနှင့် ယာဉ်မောင်း အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ဒေသစံတော်ချိန် နံနက် ၅း၃၀ နာရီက Deh Khoja နယ်မြေမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ၊ သေဆုံးသွားသူတွေက ရုံးသွားကြတဲ့သူတွေ ဖြစ်ပြီး သူတို့ စီးလာတဲ့ မီနီဘတ်စ်ကားက ကဘူးလ်မြို့တောင်ဘက် ကီလိုမီတာ ၄၅၀ အကွာမှာရှိတဲ့ မြို့မှာ တိုက်ခိုက်ခံခဲ့ရတယ်” ဟု ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆမ်မင် ခပ်ပယ်ဝက်ခ်က ဆင်ဟွာသို့ ပြောသည်။

တိုက်ခိုက်သူများမှာ အခင်း ဖြစ်ပွားပြီးလျှင်ပြီးချင်း ထွက်ပြေးသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း၊ ထွက်ပြေးသွားသူများအား ပူးပေါင်း ရှာဖွေနေကြောင်း သိရသည်။ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ သို့သော်လည်း တာဝန်ရှိသူများကတော့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မလိုလားသူများ၏ လက်ချက်ဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွများအား ရည်ညွှန်းကာ စွပ်စွဲပြောကြားလိုက်သည်။လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလက အာဖဂန် လုံခြုံရေး တပ်ဖွဲ့အား အစိုးရ ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုများ အရှိန်မြင့်လာခဲ့သလို အကြမ်းဖက်မှုများလည်း များပြားလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.