Connect with us

Africa & Middle East

အလက်ပိုတွင် IS တို့၏ တိုက်စစ်ဆင်မှုကြောင့် ဆီးရီးယားစစ်သား ၃၉ဦး ကျဆုံးခဲ့

အလက်ပိုမြို့ ရှိ ဆီးရီးယားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အလက်ပိုမြို့တောင်ဘက် ရှိ ဆီးရီးယားအစိုးရက ထိန်းချုပ်ထားသော ဧရိယာများကို IS စစ်သွေးကြွအဖွဲ့ က ပြင်းထန်စွာ ထိုးစစ်ဆင်လာခဲ့မှုကြောင့် လွန်ခဲ့သည့် ၃၆နာရီအတွင်း အစိုးရတပ်ဖွဲ့ဝင် ၃၉ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၁၃ ရက်တွင်ဖော်ပြခဲ့သည်။

IS တို့သည် Khanaser မြို့ နှင့် Sabkhet al-Jabour မြို့ကြားရှိ ဧရိယာကိုအဓိကထား၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို အလက်ပိုမြို့၏ အရှေ့တောင်စွန်း ရှိ အနီးအနား ဧရိယာများကို လည်း ပစ်ခတ်ခဲ့ကြောင်း ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ဗြိတိန်နိုင်ငံ အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ က တိုက်ပွဲများအတွင်း စစ်သွေးကြွ ၁၂ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များ နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များက al-Bab မြို့၏ မြောက်ဘက် နှင့် အနောက်မြောက်ဘက် အား ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ဆီးရီးယားစစ်တပ် က မြို့အတွင်းရှိ IS တို့အား မြို့၏ တောင်ဘက်အစွန်းမှ နေ၍ ပိတ်ဆို့ဝန်းရံထားကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

အလက်ပိုမြို့သို့ သွားရောက်ရန် လက်ရှိအသုံးပြုနေသည့် လမ်းမ နှင့် ကပ်လျက်တည်ရှိနေ၍ Khanaser မြို့၏ လုံခြုံရေးသည် ဆီးရီးယားစစ်တပ်အတွက် အလွန်အရေးကြီးနေကြောင်း နှင့် Khanaser မြို့၏ အရှေ့ဘက် မှ သူပုန်များဆုတ်ခွာသွားပြီးနောက် မြို့အား ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် အစိုးရစစ်တပ်က ပြန်လည်သိမ်းယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.