လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားစစ်တပ်က နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် လူ ၁၄၉ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီ ၇ရက် က အတည်ပြုပြောကြားခဲ့သည်။
အက်ရာ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ ရှိ Newmont ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်များအနက် တစ်ခု တွင် ဧပြီ ၇ရက်က ရွှေတွင်းဥမင်လှိုဏ်ခေါင်း အမိုး ပြိုကျမှုကြောင့် လူ ၆ဦးသေဆုံးခဲ့ကြောင်း ကုမ္ပဏီက ဧပြီ၈ ရက်တွင် ပြည်တွင်းသတင်းဌာနများအား အတည်ပြုပြောကြားခဲ့သည်။
ဂါဇာ၊ ဧပြီ ၈ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံသည် Kerem Shalom ကုန်သွယ်ရေးနယ်စပ်ဖြတ်ကျော်စခန်းမှ ဂါဇာကမ်းမြောင်ဒေသသို့ ကားတာယာများ ဝင်ရောက်ခြင်းကို ပိတ်ပင်တားဆီးရန် ဆုံးဖြတ်ခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဦး က ဧပြီ ၇ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့၌ ဧပြီ ၇ရက် က ရေနံမြေတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့တွင် ဧပြီ ၆ ရက် က ပေါက်ကွဲမှု ၂ခု သီးခြားစီဖြစ်ပွားခဲ့ရာ စစ်သား ၂ဦးအပါအဝင် အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်တို့၏ နယ်စပ်ဒေသတွင် ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများအကြား တစ်ရက်ကြာ ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဧပြီ ၆ရက်တွင် ပါလက်စတိုင်း ၈ဦးသေဆုံးပြီး အခြားလူ ၁,၀၇၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးကုသရေးအဖွဲ့များက ပြောကြားခဲ့သည်။
ဘေရွတ် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၌ သွားရောက်တာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့အမှတ် ၁၆ မှ တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၄၁ဝ ဦးသည် အထူးတပ်ဖွဲ့အမှတ် ၁၇ သို့တာဝန်လွှဲပြောင်းထမ်းဆောင်ခြင်း မပြုမီ ဧပြီလ ၆ ရက်က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခံရကြောင်း သိရသည်။
ရာမာလာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ စစ်လေယာဉ် ၏ ဧပြီလ ၄ ရက်နေ့ ညပိုင်းတွင် ဂါဇာကမ်းမြောင် ဒေသ ၌ ဆောင်ရွက်ခဲ့သည့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း...
ဒါအိစလန် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Tabora ဒေသ၌ ဧပြီလ ၄ ရက်နေ့ ညပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် တစ်စင်း နှင့် ကုန်တင်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း...
တီဘလီစီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဂျော်ဂျီယားနိုင်ငံ အနောက်ပိုင်း တီခီဘူလီမြို့ရှိ ကျောက်မီးသွေးတွင်း တစ်ခုမှာ ဧပြီလ ၅ ရက်က ပြိုကျခဲ့ရာ အနည်းဆုံး သတ္တုတွင်းလုပ်သား ၆ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂျော်ဂျီယာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနထံမှ...