Connect with us

Africa & Middle East

ဒမတ်စကပ်စ်မြို့အနီးတွင် အစ္စရေးဒုံးကျည် အား ဆီးရီးယားလေကြောင်းကာကွယ်ရေး စနစ်က ကြားဖြတ်ပစ်ချ

ဆီးရီးယားလေကြောင်းကာကွယ်ရေးတစ်ခုကမြို့တော် ဒမတ်စကပ်စ် အကျော်တွင်ဒီဇင်ဘာလ ၂၅ ရက်တွင် ဒုံးကျည်အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အစ္စရေး၏ ပစ်မှတ်ဧရိယာဖြစ်သည့် မြို့တော်ဒမတ်စကပ်စ် ၏ အနောက်ဘက်ကျေးလက်ဒေသ ဧရိယာ တွင် ဆီးရီးယားလေကြောင်းကာကွယ်ရေး စနစ်က အစ္စရေးဒုံးကျည်အားကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယား၏ နိုင်ငံပိုင်တီဗီသတင်းတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယား ၏ လေကြောင်းကာကွယ်ရေးဒုံးကျည်များသည် အစ္စရေးဒုံးကျည်ပစ်ခတ်မှုများကို ၎င်းတို့၏ ပစ်မှတ်နေရာသို့ မရောက်ခင် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း၊ လက်နက်ဂိုထောင်တစ်ခုသာပျက်ဆီး၍ စစ်သား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏သတင်းအရင်းအမြစ်အားကိုးကား၍ ဆီးရီးယား၏ နိုင်ငံပိုင် တီသတင်းတွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံပိုင် လေပိုင်နက်ထဲမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တချို့သောဒုံးကျည်များကို လက်ဘနွန်နိုင်ငံအပေါ်တွင် ပစ်ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင်တီဗွီသတင်းတွင် ပါရှိသည်။

ဒမတ်စကပ်စ်မြို့တော်တွင် နေထိုင်သူများအနေဖြင့် မြို့တော်အတွင်းမှ ပေါက်ကွဲသံများ ကြားရပြီး၊ဆီးရီးယားလေကြောင်းကာကွယ်ရေး စနစ်ဒုံးကျည်များကပစ်မှတ်များအား ကောင်းကင်တွင် ကြားဖြတ်ပစ်ခတ်မှုများအား တွေ့မြင်ရကြောင်း သိရသည်။

ဤအတောအတွင်း အစ္စရေး ၏ တိုက်လေယာဉ်များသည် လက်ဘနွန်လေပိုင်နက်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် နိုင်ငံမှ သတင်းများကဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.