ကဘူးလ် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Intercontinental ဟိုတယ်တွင် ဇန်နဝါရီလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး တိုက်ခိုက်ရေးသမားတစ်ဦး နှင့် အရပ်သားများစွာ သေဆုံးခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi) သည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် မတ်လတွင် ကျင်းပရန်လျာထားသော သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ကြေညာလိုက်သည်။
အာမန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ က ၂၀၁၇ ခုနှစ် တွင် ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ ဂျော်ဒန်...
အန်ကာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အတွင်း စစ်ရေးအရ ဝင်ရောက်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီစစ်တပ်က ၎င်း၏ တောင်ပိုင်းနယ်စပ် ဟာတေးပြည်နယ် သို့ ဇန်နဝါရီ ၁၈ရက်က တင့်ကား ၉စီးစေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ စစ်ဘက်ဆိုင်ရာ CASA အမျိုးအစား ကုန်ပစ္စည်းတင်လေယာဉ် တစ်စင်းသည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ဇန်နဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းက တူရကီနိုင်ငံ အစ္စပါတာပြည်နယ် တောင်ပိုင်း၌ ပျက်ကျခဲ့ပြီး တူရကီနိုင်ငံသား လေယာဉ်ဝန်ထမ်း သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဝက်စ်ဘန့်ခ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ဝက်စ်ဘန့်ခ်ဒေသ မြောက်ပိုင်း Jenin မြို့ ရှိ အစ္စရေးစစ်တပ်တစ်တပ် နှင့် ပါလက်စတိုင်းစစ်သွေးကြွများ အကြား ဇန်နဝါရီ ၁၇ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ပါလက်စတိုင်း နှင့် အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဘူဂျာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ တွင် ဇန်နဝါရီ ၁၇ရက်က အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများ ကပြောကြားခဲ့သည်။
ဆာနား၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီသူပုန်များ က ၎င်းတို့သည် ဆော်ဒီနိုင်ငံ နယ်စပ်ဒေသဖြစ်သည့် ဂျီဇန်ပြည်နယ် ရှိ ဒေသတွင်း လေဆိပ်တစ်ခုကို ပစ်မှတ်ထား၍ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်ကပြောကြားခဲ့သည် ကို Saba သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
လွမ်ဒါ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Manuel Domingos Augusto က တရုတ် တစ်နိုင်ငံတည်းမူဝါဒအား ၎င်းတို့နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းအတည်ပြုပါကြောင်း ဇန်နဝါရီလ ၁၄ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ချစ်ကြည်ရေးခရီးစဉ်အတွင်း တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အန်တာနန်အရီဗို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မဒါဂါစကာ နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး ဌာန က ဇန်နဝါရီ ၁၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အပူပေါင်းမုန်တိုင်း Ava တိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့ အထိ လူပေါင်း...