Connect with us

Africa & Middle East

ကင်မရွန်းတွင် ဆီတင်ယာဉ် ဘရိတ်ပေါက်၍ လူ ၇ဦးသေဆုံး

ကင်မရွန်းတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဆီတင်ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကင်မရွန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ၏ စီးပွားရေးမြို့ ဖြစ်သည့် Douala မြို့၌ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဆီတင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ Village ရပ်ကွက်၏ အဓိကလမ်းမကြီးတစ်လျှောက်ဝင်တိုက်မိရာ အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။

သေဆုံးသူအများစုမှာ လမ်းဘေးတစ်လျှောက်တွင် ခရီးသည်အားစောင့်ဆိုင်နေသည့် ဆိုင်ကယ် ကယ်ရီသမား များဖြစ်ကြောင်း၊ ၎င်းတို့အားလုံးကို ဆီတင်ကားဖြင့်တိုက်မိခဲ့ကြောင်း နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

မျက်မြင်တွေ့ကြုံခဲ့သူ Jean Ekoka (၄၅နှစ်) က လမ်းမတစ်လျှောက် စကားပြောနေသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။၎င်းက မည်သည့်နေရာမှ မောင်းနှင်လာမှန်းမသိသော ဆီတင်ယာဉ်သည် အရှိန်ပြင်းစွာဖြင့် ဆိုင်ကယ်များ နှင့် လူများကို ဝင်တိုက်ခဲ့ပြီး ကံကောင်းစွာ ဆီကန်ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)