QALA-E-NAW ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Badghis ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများထံ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ပေးခဲ့သော အမျိုးသား တစ်ဦးအား အာဖဂန် လုံခြုံရေးညွှန်ကြားမှုဦးစီးဋ္ဌာန (NDS) သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးယား ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အယ်ဂျီးရီးယား နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ စက်တင်ဘာ ၂၁ ရက်နေ့ ၌ ဖော်ပြချက်အရ အယ်လ်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၂၀ ရက်နေ့တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း...
တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသည် “ အချိန်ဖြုန်းနေ” ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်းမီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင်သတင်းဖော်ပြခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံအလယ်ပိုင်း Nigde ပြည်နယ် ရှိ ရဲသင်တန်းကျောင်းတစ်ခုတွင် စက်တင်ဘာ ၂၀ ရက်က ရဲရဟတ်ယာဉ် တစ်စီးဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဆန်နာ ၊ စက်တင်ဘာ ၂ဝ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Hajjah ပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင်တစ်ခုတည်းမှ လူ ၉ ဦးသေဆုံးသွားကြောင်း လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။
ဂျနီဗာ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် စက်တင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၃၉ဦးသေဆုံးပြီး အခြားလူ ၉၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း UNHCR က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဗူဂျာ ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က စက်တင်ဘာ ၁၈ ရက်နေ့၌ နိုင်ငံအရှေ့မြောက်ပိုင်း Borno ပြည်နယ်တွင် အသေခံ ဗုံးဖောက်ခွဲမှု ၃ ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း...
ရာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖရိက လုံခြုံရေး ဖိုရမ်အား အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်သူများက စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာလိုက်သည်။
အန်ကာရာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း ဟာတေးပြည်နယ် အနီးရှိ ဆီးရီးယား-တူရကီနယ်စပ် သို့ စစ်သုံးယာဉ် စုစုပေါင်း အစီး ၈၀ ကို တူရကီဘက်က ဖြန့်ကြက်စေလွှတ်ခဲ့ကြောင်း Sabah နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ် Jaghato ခရိုင်တွင် စက်တင်ဘာလ ၁၄ ရက်က မြေမြှုပ်မိုင်း တစ်ခုအပေါ် မော်တော်ယာဉ် တစ်စီး ဖြတ်သွားသဖြင့် ပေါက်ကွဲခဲ့ရာ ခရိုင် ရဲချုပ် တစ်ဦးနှင့် ၎င်း၏ ကိုယ်ရံတော် နှစ်ဦး...