Connect with us

Africa & Middle East

အီရတ် နိုင်ငံ တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အနည်းဆုံး လူပေါင်း ၅၀၀ ဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူခဲ့ရ

အီရတ် နိုင်ငံ ရှိ ပြည်သူလူထု များ ကူညီထောက်ပံ့ရေး ပစ္စည်းများ လက်ခံရန် စောင့်ဆိုင်း နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ကျန်းမားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က နိုင်ငံတောင်ပိုင်း Basra ပြည်နယ် တွင် လတ်တလောရက်ပိုင်း အတွင်း သောက်သုံးရေ မသန့်ရှင်းမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၅၀၀ ဆေးရုံ တွင် ဆေးဝါး ကုသမှု ခံယူခဲ့ရကြောင်း သြဂုတ်လ ၂၄ ရက် ၌ ပြောကြား ခဲ့သည်။

Basra ပြည်နယ် ကျန်းမားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး က သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဒေသတွင်းရှိ ပြည်သူလူထု များ ဝမ်းပျက်ဝမ်းလျှောခြင်း နှင့် ဗိုက်အောင့် သည့် လက္ခဏာ များ ဖြစ်ပွား ခဲ့ကြကြောင်း ၊ သက်ဆိုင်ရာ ဌာန များအနေဖြင့် သတ်မှတ်စံနှုန်း သို့ မရောက်ရှိသည့် သောက်သုံးရေ သန့်စင်ရေး စက်ရုံများကို ပိတ်သိမ်း ခဲ့ပြီး ပြည်သူလူထု များအား ရေကို ကျိုချက်ပြီး သောက်သုံးကြရန် နှိုးဆော် ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

အချင်းဖြစ်ပွားမှု အခြေအနေ ပိုမို မဆိုးရွားလာစေရန် အတွက် သက်ဆိုင်ရာ ပညာရှင်များက အချင်းဖြစ်ပွားရာ ဒေသတွင် ကူးစက် ပြန့်ပွားမှု ရောဂါ ဖြစ်ပွား ခြင်းရှိမရှိ အား သွားရောက် စစ်ဆေး ခဲ့ကြပြီး သြဂုတ်လ ၂၄ ရက် အချိန်ထိ ရောဂါ ကူးစက် ပြန့်ပွားခြင်း မရှိသေးကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် ဧပြီလပိုင်း တွင် အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသ တွင် အလားတူ ကိစ္စရပ် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၆၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117