တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တရားရုံးတစ်ခု က စီးပွားရေးဆိုင်ရာ အကျင့်ပျက်လုပ်ဆောင်မှုဖြင့် တရားခံ ၃ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း Tehran Times သတင်းစာ က စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။
ဂွါတီမာလာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဂွါတီမာလာနိုင်ငံ မြို့တော် ဂွါတီမာလာမြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် စက်တင်ဘာလ ၃၀ ရက် က အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် လွန်ခဲ့သည့် ၃ရက်အတွင်း အဆိပ်သင့်အရက်များ သောက်သုံးမိ၍ အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။
နိုင်ရိုဘီ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အနောက်ပိုင်း Nakuru ကောင်တီတွင် စက်တင်ဘာ ၂၉ ရက် ညပိုင်းက မော်တော်ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာအရာရှိတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင်...
အန်ကာရာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ လေတပ် တပ်ဖွဲ့သည် ယခု အားလပ်ရက်အတွင်း အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ ကာ့ဒ်အလုပ်သမားများ ပါတီ (PKK) မှ စစ်သွေးကြွ ၁၈ဦးထက်မနည်းကို ရှင်းလင်းခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ရီယတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ် ဆော့ဒါ (Salman bin Abdulaziz AL Saud) နှင့် ရေနံဈေးကွက် တည်ငြိမ်ရေးအတွက် ရေနံရောင်းအားနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၉...
ကိဗ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသ အစိုးမဟုတ်သောအဖွဲ့အစည်း ထိန်းချုပ်ထားသော Makiivka မြို့တွင် ဘုံဘိုင်ရေ သောက်သုံးမိသဖြင့် လူ ၁၁၇ ဦး ထက်မနည်း အဆိပ်သင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ကဘူးလ်၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Parwanပြည်နယ်တွင် စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၂၉ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် အီရတ်အလှမယ်နှင့် ၂၀၁၅ ခုနှစ် ဘဂ္ဂဒက်အလှမယ်တစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် Tara Fares သည် စက်တင်ဘာလ ၂၇ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အမည်မသိအမျိုးသားတစ်ဦး၏ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း...
မိုဂါဒစ်ရှူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ Puntland ပြည်နယ် စစ်ခုံရုံး သည် စက်တင်ဘာ ၂၆ ရက်တွင် ပြစ်မှုထင်ရှားသော စစ်သွေးကြွ ၃ဦးအား သေဒဏ်ပေးခဲ့ပြီး အခြား ၃ဦးအား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။