ဒမတ်စကပ်စ်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ် ရှိ အဓိကကျသော လေတပ်စခန်းတစ်ခု အနီးတွင် အယ်လ်ကိုင်ဒါစစ်သွေးကြွများနှင့် ဆက်စပ်နေသည့် စစ်သွေးကြွအုပ်စုက သတ်ဖြတ်ခဲ့သော စစ်သား ၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယား စစ်တပ်က တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဇန်နဝါရီ ၃၀ရက်တွင်ဖော်ပြခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ဆီးရီးယားနယ်စပ် တစ်လျှောက်ရှိ အကြမ်းဖက်သမားများကို ရှင်းလင်းတိုက်ထုတ်သွားမည်ဟု ဇန်နဝါရီ ၂၈ရက်တွင် ကတိပြုခဲ့ပြီးနောက် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကြောင့် တူရကီ နှင့် ဆီးရီးယားနိုင်ငံအတွင်း...
ထရီပိုလီ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံရှိ ကလေးငယ် ၃၇၈,၀၀၀ ဦး သည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကာကွယ်မှုများ လိုအပ်လျက်ရှိသည်ဟု ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ (UNICEF) က အတည်ပြုပြောကြားလိုက်သည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် Al-Shabaab အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့ တို့က ဇန်နဝါရီ ၂၉ ရက်နေ့၌ နိုင်ငံတောင်ပိုင်း Bahia ပြည်နယ် တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွား ခဲ့ရာ...
အန်ကာရာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အား နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်မှု ဝါဒဖြန့်သူ စုစုပေါင်း ၃၁၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇန်နဝါရီ ၂၉ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ စစ်တက္ကသိုလ် တစ်ခုအား ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှုများအား မသိရှိရသေးကြောင်း သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများက ပြောကြားလိုက်သည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ရှာဂျာမြို့ရှိ ဆာဟာရာစင်တာ (Sahara Center) ဈေးဝယ်စင်တာ၌ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) မှစတင်ကာ ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ် Najmat Taiba (အာရပ်ဘာသာဖြင့် Taiba ကြယ်ပွင့်) အား...
ထရီပိုလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် အရက်အဆိပ်သင့်မှု ၁၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦးရှိကြောင်း လစ်ဗျားနိုင်ငံ ကျန်းမာရေးဋ္ဌာနက ဇန်နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇန်နဝါရီလ ၂၇ ရက်တွင် အကြမ်းဖက်သမားများက လူနာတင်ယာဉ်တစ်စီးအား ဗုံးဖောက်ခွဲခဲ့ရာ သေဆုံးသူ ၉၅ ဦး နှင့်ထိခိုက်ဒဏ်ရာရသူ ၁၅၈ ဦးထိ ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် ရှိ ကာ့ဒ်လူမျိုးတို့၏ နယ်မြေတွင် တူရကီနိုင်ငံက စစ်ရေးအရ တိုက်စစ်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၁၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။