Connect with us

Africa & Middle East

ဂါနာ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နှင့် ဘက်စုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား

ဂါနာ နိုင်ငံ သမ္မတ Nana Akufo-Addo အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ သမ္မတ Nana Akufo-Addo က ဇူလိုင်လ ၁၇ ရက် ၌ ဂါနာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဘက်စုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်း အောင် ကြိုးပမ်း ဆောင်ရွက်လိုပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

Nana Akufo-Addo က ဂါနာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အသစ် ဝမ်ဆစ်ထင် (Wang Shiting) ၏ သံအမတ်ကြီး ခန့်အပ်လွှာ ကို လက်ခံစဉ် အတွင်း ဂါနာ-တရုတ် နှစ်နိုင်ငံ တွင် သမိုင်းကြောင်း ရှည်လျားသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ လတ်တလော နှစ်များ အတွင်း နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့၏ ကာလတစ်လျှောက် ဂါနာ နိုင်ငံ အပေါ် ထောက်ခံအားပေးမှု အား ကျေးဇူးတင်ရှိကြောင်း ၊ ယခု နှစ် စက်တင်ဘာလတွင် ပေကျင်းမြို့ ၌ ကျင်းပ ပြုလုပ်မည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် အား တက်ရောက်ရန် ကိုလည်း မျှော်လင့် နေကြောင်း ပြောကြားခဲ့သည်။

ဝမ်ဆစ်ထင် က တရုတ်-ဂါနာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ နိုင်ငံတကာ အခြေအနေ အပြောင်းအလဲ ၏ စိန်ခေါ်မှုများ ကို ဖြတ်ကျော် ခဲ့ပြီး ခိုင်မြဲသည့် ချစ်ကြည် ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂါနာ နိုင်ငံ သမ္မတ မှ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်း ကို အဆက်မပြတ် မြှင့်တင်သွားကာ နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.