ဘဂ္ဂဒက် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က လေတပ် တပ်ဖွဲ့ တိုက်လေယာဉ် များအနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်း တစ်ခု အား ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး...
ထရီပိုလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အယူခံတရားရုံး က ခေါင်းဆောင်ဟောင်း ကဒါဖီ အား ထောက်ခံသူများကို ၂၀၁၁ခုနှစ် အုံကြွလှုပ်ရှားမှု ကာလအတွင်း မြို့တော် ထရီပိုလီမြို့တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုဖြင့် သြဂုတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ ရေကြီးနေသော ရေတံခွန်တစ်ခုတွင် အနည်းဆုံးလူ အယောက် ၃၀ ပိတ်မိနေပြီး ခရီးသွား ၁၂ဦး ခန့် ရေစီးနှင့် မျောပါသွားခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ကဘူးလ် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ရှိ စာသင်ကျောင်း တစ်ခု အား သြဂုတ်လ ၁၅ ရက် ညနေပိုင်း အချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရရာ အချင်းဖြစ်ပွား သည့် နေ့...
အာဘူဂျာ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kano ပြည်နယ်တွင် လွန်ခဲ့သော ၇ လ အတွင်း ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူ ၂၈ ဦး ရှိပြီဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောကြား ခဲ့သည်။
ဆာနား၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြောက်ပိုင်း ဆားဒါပြည်နယ်တွင် မကြာသေးမီက ကျောင်းကားတစ်စီးအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့၍ သေဆုံးသွားသူ ၅၁ဦးအနက် အယောက် ၄၀မှာ ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazniပြည်နယ် Ghazniမြို့တွင် တာလီဘန်လက်နက်ကိုင်များနှင့် ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တာလီဘန် ၁၉၄ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေး ဝန်ကြီးTariq Shah Bahramiက သြဂုတ် ၁၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ် သည် သြဂုတ် ၁၃ရက်တွင် နိုင်ငံအရှေ့ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၄ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) Idlibပြည်နယ် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် သြဂုတ် ၁၂ ရက်က လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးပါ။
အမ္မန်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့သည် သြဂုတ် ၁၁ ရက် ညနေပိုင်းက မြို့တော် အမ္မန် အနီးရှိ Al Saltမြို့တွင် အကြမ်းဖက်သမားများနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။