Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံ တောင်ပိုင်း Daraa ပြည်နယ် ရှိ မဟာဗျူဟာ ကျသည့် တောင်ကုန်း တစ်ခု အား သိမ်းပိုက်

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် မြို့ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၁၆ ရက် တွင် နိုင်ငံ တောင်ပိုင်း Daraa ပြည်နယ် ၌ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ ပြည်နယ် အနောက်မြောက်ပိုင်း ရှိ မဟာဗျူဟာ ကျသည့် တောင်ကုန်း တစ်ခု အား သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် မဟာမိတ် တပ်ဖွဲ့ တို့ က Daraa ပြည်နယ် အနောက်မြောက်ပိုင်း နှင့် Quneitra ပြည်နယ် နှင့် ထိစပ် နေသည့် ဒေသ များတွင် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယင်းတောင်ကုန်း အား သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတောင်ကုန်း ကို သိမ်းပိုက်နိုင်ခဲ့ခြင်း အားဖြင့် အနီးပတ်ဝန်းကျင် ဒေသများအား ဆက်လက် သိမ်းပိုက်ရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ ဆီးရီးယား အစိုးရ ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု အတွင်း အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင် များစွာ ကို ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က Daraa ပြည်နယ် အတွင်း ရှိ လက်နက်ကိုင် တပ်ဖွဲ့ အား အဆက်မပြတ် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး နယ်မြေများ ပြန်လည် သိမ်းပိုက် ခဲ့သည်။ တိုက်ခိုက်မှုများ ဆောင်ရွက်နေစဉ် အတွင်း ဆီးရီးယား နိုင်ငံ အစိုးရ က အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ နှင့် အပစ်အခတ် ရပ်စဲ နိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ် ခဲ့သည်။ လက်ရှိချိန်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ အနေဖြင့် Daraa ပြည်နယ် အရှေ့ပိုင်း ဒေသ အား အလုံးစုံ ထိန်းချုပ် နိုင်ခဲ့ပြီး Daraa ပြည်နယ် အနောက်ပိုင်း နှင့် Quneitra ပြည်နယ် သို့ ဆက်လက် ချီတက် တိုက်ခိုက်နေကြောင်း သိရှိရသည်။(Xinhua)