Connect with us

Africa & Middle East

လစ်ဗျားအနောက်ပိုင်းတွင် အလုံပိတ်ထားသည့် ကုန်တင်ကားအတွင်း ရွှေ့ပြောင်းသွားလာသူ ၈ဦး အသက်ရှူကြပ် သေဆုံး

လစ်ဗျားနိုင်ငံတွင် ယခင်ကဖမ်းမိခဲ့သည့် တရားမဝင် ရွှေ့ပြောင်းသွားလာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမြို့ အရှေ့ပိုင်း ၁၂၀ကီလိုမီတာအကွာ၊ နိုင်ငံအနောက်ပိုင်း ဇူဝါရာမြို့ တွင် အလုံပိတ်ထားသည့် ကုန်တင်ကားတစ်စီး အတွင်း အသက်ရှူကြပ်သေဆုံးနေသည့် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၈ဦး၏ ရုပ်အလောင်းများကို လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၁၆ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူဝါရာမြို့ လုံခြုံရေးတပ်ဖွဲ့က Mellitah ဓါတ်ငွေ့စက်ရုံသို့ သွားရောက်မည့် အသား၊ငါး သယ်ဆောင်ရာတွင် အသုံးပြုသော အအေးခန်းကုန်တင်ယာဉ်ကြီးတစ်စီးအတွင်း အသက်ရှူကြပ်သည့် ဝေဒနာခံစားနေရသူ တရားမဝင် ရွှေ့ပြောင်းသွားလာသူ အယောက် ၁၀၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အလုံပိတ်ထားသည့် ကုန်တင်ကားအတွင်း ဓါတ်ဆီဂါလန်များစွာ ပါရှိ၍ အသက်ရှူကြပ်သေဆုံးစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများသည် ယင်းကုန်တင်ကားအတွင်း အချိန်ပေါင်းများစွာ ပိတ်လှောင်ခံထားရ၍ အသက်ရှူကြပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ် ၆ဦး၊ အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျန်လူများအား မြို့အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကုန်တင်ယာဉ်ပိုင်ရှင်များအား ဖော်ထုတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့င်များက ၎င်းတို့အား လိုက်လံရှာဖွေနေကြောင်း သိရသည်။

လူကုန်ကူးသူများသည် လစ်ဗျားနိုင်ငံအတွင်း လုံခြုံရေးကင်းမဲ့မှု နှင့် ပဋိပက္ခများကို အခွင့်ကောင်းယူ၍ မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပတိုက်သို့ တရားမဝင် ရွှေ့ပြောင်းသွားလာသူထောင်ပေါင်းများစွာကို ပို့ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.